Wednesday, June 27, 2012

ရုရှားသမ္မတပူတင်သည် အစ္စရေးနိုင်ငံသို့တစ်ရက်ကြာ အလည်အပတ်ခရီးရောက်ရှိလာခဲ့ခြင်း

Posted by Anonymous Wednesday, June 27, 2012, under | No comments


ဇွန်လ၂၇ရက်။၂၀၁၂ခုနှစ်။
 ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဇွန်လ ၂၅ ရက်နေ့တွင် အစ္စရေးနိုင်ငံသို့ တစ်ရက်ကြာအလည်အပတ် ခရီးရောက်ရှိလာခဲ့ပြီး အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များ အီရန်၊ ဆီးရီးယားနှင့် အီဂျစ် အရေးကိစ္စ ရပ်များကို အလေးထားဆွေးနွေးရန်မျှော်မှန်းထား ကြောင်း Xinhua သတင်း တစ်ရပ်အရ သိရှိရပါသည်။ 

ပူတင်သည် အစ္စရေးနိုင်ငံမြောက်ပိုင်းကမ်းရိုးတန်းဒေသရှိ Netanya အပန်းဖြေ စခန်းမြို့သို့သွားရောက်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီတို့ အပေါ် ဆိုဗီယက်တပ်နီတော်ကအောင်နိုင်ခဲ့သည့်  အောက်မေ့ ဖွယ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အစ္စရေးသမ္မတ ရှီမွန်ပီရက်စ်လည်း တက်ရောက်ခဲ့ကြောင်းနှင့် ပူတင်သည် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနှင့် ဂျေရုဆလင်မြို့ တွင်တွေ့ ဆုံမည်ဖြစ်ကြောင်းသိရှိရပါသည်။ ပီရက်စ်ကနာဇီဂျာမနီအပေါ်ဆိုဗီယက်တပ်နီတော်၏ဆန့်ကျင် တိုက်ခိုက် ခဲ့မှုအပြင် အစ္စရေးနှင့်ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးတိုးမြှင့်ဆောင်ရွက်ရန် ရုရှားအစိုးရ၏ လက်ရှိ ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများကိုလည်း ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပါသည်။ 

ပူတင်သည် နေတန်ညာဟုနှင့် ဇွန်လ ၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် အီရန်၊ ဆီးရီးယားအရေးကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန်မျှော်မှန်းထားပြီး အစ္စရေးနိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန် နိုင်ငံတို့အကြား နျူကလီးယားဆွေးနွေးမှုများသည် အီရန်နိုင်ငံ၏နျူကလီးယား အစီအစဉ်ကိုရှေ့ဆက် လုပ်ဆောင်ရန် ပိုမိုအချိန် ပေးနေသကဲ့သို့ဖြစ်နေကြောင်းနှင့် ရုရှားနိုင်ငံအနေဖြင့် အီရန်အရေးနှင့် ပတ်သက်၍ သံတမန်ဆက်ဆံရေးလုပ်ငန်း စဉ်အတွက် အချိန်ပိုမိုပေးရမည်ဟုရှုမြင်ထားကြောင်း သိရှိရပါသည်။ ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်တို့အနေဖြင့် အီဂျစ်သမ္မတရွေးကောက်ပွဲတွင် မွတ်စလင် ဘရားသားဟုဒ်အဖွဲ့၏အောင်မြင်မှုနှင့်ပတ်သက်၍လည်း ဆွေးနွေးကြ မည်ဖြစ်ပါသည်။ အဆိုပါ အလည်အပတ်ခရီးစဉ်တွင် ပူတင်နှင့်အတူ ၎င်း၏ရုံးအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင် များနှင့် သတင်းထောက် ၆၀ ခန့်အပါအ၀င် လူပေါင်း ၄၀၀ နီးပါးခန့်လိုက်ပါလာခဲ့ကြကြောင်း သိရှိရပါသည်။ 

Chinaview    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်