Wednesday, June 27, 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ခေါင်းဆောင်သော ချစ် ကြည်ရေးအဖွဲ့ ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း ဂျပန်နိုင် ငံ

Posted by Anonymous Wednesday, June 27, 2012, under | No comments

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သော ချစ်ကြည်ရေးအဖွဲ့သည် တိုကျိုမြို့၌ ရှိနေစဉ် အတွင်း ဇွန်လ(၁၄)ရက် (၁၇၀၀) နာရီတွင် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး၏ အစည်းအဝေး ခန်းမတွင် နိုင်ငံခြားရေးဝန်ကြီး (H.E.Mr. Koichiro Gemba) နှင့် တွေ့ ဆုံသည်။
အထွေထွေအတွင်းရေးမှူးဦးဌေးဦးနှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး (H.E.Mr. Koichiro Gemba) တို့ တွေ့ဆုံဆွေးနွေးစဉ်

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေ၊ ယင်းသို့ရရှိရန် အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှု အခြေ အနေ၊ ဂျပန်-မြန်မာ ပြည်သူများအတွင်း ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုများအပေါ် အခြေခံ၍ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နေမှု အခြေ အနေ၊ ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့ကြသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များအား ဂျပန်နိုင်ငံသို့ လေ့လာရေး ခရီးဖိတ်ခေါ် ရန် ဆောင်ရွက်နေမှု အခြေအနေ၊ စီးပွားရေးကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ယခု ချစ်ကြည်ရေးခရီးစဉ် အတွင်း သတင်းကောင်းပါးနိုင်ရန် ဂျပန်နိုင်ငံအစိုးရမှ ရန်ကုန်မြို့အတွက် လျှပ်စစ်မီးပိုမို တိုးတက်ရရှိရေးအတွက် ယန်းသန်း (၁၆၀၀) ထောက်ပံ့မှုအား ဆုံးဖြတ်ခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြ သည်။
အထွေထွေအတွင်းရေးမှူးဦးဌေးဦးမှ ဂျပန်နိုင်ငံခြားရေးဝန်ကြီး (H.E.Mr. Koichiro Gemba) အား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်စဉ်
အထွေထွေအတွင်းရေးမှူး ဦးဆောင်သောအဖွဲ့သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ဒုတိယ၀န်ကြီး မစ္စတာ ကန်နီချီရို ဆာဆာအဲ (H.E.Mr. Kenichiro Sasae) နှင့်လည်း အလွတ်သဘောတွေ့ဆုံခဲ့ကြပါသည်။

အထွေထွေအတွင်းရေးမှူး ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ (၁၅) ရက်နေ့ (၁၆၀၀) နာရီတွင် ဂျပန်နိုင်ငံ စီးပွားရေး၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးရုံးသို့ သွားရောက်၍ ၀န်ကြီး၏ ဧည့်ခန်းမတွင် စီးပွား၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး မစ္စတာယိုကီအို အီဒါနို(H.E.Mr. Yorkio Edono) နှင့် တွေ့ဆုံ ဆွေးနွေးသည်။ 

ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေနှင့် အခက်အခဲပေါင်းများစွာအား ရင်ဆိုင်ကျော်ဖြတ်ပြီး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ခဲ့မှု အခြေအနေ၊ စီးပွားရေးဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံသားများ စီးပွားရေး အဆင့်အတန်း မြင့်မားလာရေးအတွက် ရေတိုကာလ အတွက်သာမက နောင်ရေ ရှည်အတွက်ပါ အကူအညီပေး သွားနိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်မှုအခြေအနေ၊ အလုပ်ရုံ၊ စက်ရုံဝန်ထမ်း သင်တန်းများ ဖွင့်လှစ်ရန် ဆောင်ရွက် ထားမှုအခြေအနေ၊ ဂျပန်- မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ၀ါရင့်အမတ်ကြီး Mr. Hideo Watanabe နှင့် လွှတ်တော် အမတ်ကြီးများ၏ ကြိုးပမ်းဆောင်ရွက်မှုအခြေအနေ၊ ပါတီဝင်များ၊ ပါတီအချင်းချင်း ဆက်ဆံရေး၊ လွှတ်တော်အမတ်များအချင်းချင်း ဆက်ဆံရေး ပိုမိုခိုင်မာစွာ ဆောင် ရွက်သွားကြရန် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။




0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်