Wednesday, June 27, 2012

ဗီယက်နမ်၏တောင်တရုတ်ပင်လယ်အတွင်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုရပ်ဆိုင်းရန် တရုတ်မှတောင်းဆိုခြင်း

Posted by drmyochit Wednesday, June 27, 2012, under | No comments


 သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအစီအစဉ်ကိုရပ်တန့်ရန်နှင့် ပင်လယ်ပိုင်းအငြင်းပွားမှုလေ့လာ စာင့်ကြည့်ရေး   နှစ်နိုင်ငံ သဘောတူညီချက်    ကိုလေးစားရန် ဗီယက်နမ်နိုင်ငံအား တရုတ်နိုင်ငံမှ ဇွန်လ ၂၆ ရက်   နေ့တွင် ထပ်မံ တောင်းဆိုခဲ့ပါသည်။

တရုတ်နှင့် ဗီယက်နမ်တို့အနေဖြင့် ပင်လယ်ပိုင်းအငြင်းပွားမှုကို ပြီးပြတ်အောင်ဖြေရှင်းရေး   လ့လာစောင့်ကြည့်ရန် သဘောတူညီချက်များစွာရရှိပြီးဖြစ်ကြောင်းပြဿနာကို ရှုပ်ထွေးစေမည့်   ဆောင်ရွက်မှုများ ပြုလုပ်ခြင်းကိုရှောင်ရှားရန်နှင့် အထက်ပါသဘောတူညီချက်များကို ဗီယက်နမ်မှ   လေး စားလိမ့်မည်ဟု မျှော်လင့်ပါ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Leiက  ပုံမှန် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြား ခဲ့ပါသည်။ 
 တောင်တရုတ် ပင်လယ်တွင် အငြင်းပွား မှုများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက် သည်  ပြောင်းလဲမှုမရှိကြောင်း၊ အငြင်းပွား မှုများကို စေ့စပ်ဆွေးနွေးခြင်းနှင့် ပူးပေါင်း အသုံးချခြင်း တို့ဖြင့်ဖြေရှင်းရန် ဆုံးဖြတ် ခဲ့ပြီးဖြစ်ကြောင့် Hong Lei က ပြောကြားခဲ့ပါသည်။  တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံ၏ Xisha ကျွန်းများနှင့် Nansha ကျွန်းများဟုဖော်ပြသော ကျွန်းများကို ဗီယက်နမ်၏ တရားစီရင်ပိုင်ခွင့်နှင့် အချုပ်အခြာအာဏာ အတွင်း၌ ရှိသည်ဟု ဖော်ပြသော ဗီယက်နမ်ပင်လယ်ပြင်ဥပဒေကို ဗီယက်နမ်အမျိုးသားညီလာခံက ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။
Xinhuanet.com;

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်