Wednesday, June 27, 2012

အမေရိကန်မိုင်းရှင်းရေယာဉ် ၄ စီး ပင်လယ်ကွေ့ဒေသသို့ရောက်ရှိနေခြင်း

Posted by Anonymous Wednesday, June 27, 2012, under | No comments

 ဇွန်လ၂၇ရက်။၂၀၁၂ခုနှစ်။
အမေရိကန်ရေတပ်မှ မိုင်းရှင်းရေယာဉ် ၄ စီးဖြစ်သည့် USS Sentry? Devastator? PioneerESifh Warrior တို့သည် ပင်လယ်ရေကြောင်းသွားလာမှုဘေးကင်းလုံခြုံစေရေးနှင့် အမေရိကန် အမှတ်(၅)ရေ ယာဉ်စုအား အထောက်အကူပေးရေးတို့အတွက် ပင်လယ်ကွေ့ဒေသသို့ ဇွန်လ ၂၃ရက်နေ့က  ရောက်ရှိ ခဲ့ကြောင်း အမေရိကန် ရေတပ်ကထုတ်ဖော်ပြောကြားခဲ့သည်ဟု Reuters သတင်းတစ်ရပ်အရ သိရှိရပါသည်။ 

အဆိုပါရေယာဉ်များအား အိန္ဒိယသမုဒ္ဒရာ၊ ပင်လယ်နီ၊ အိုမန်ပင်လယ်ကွေ့နှင့် ပါရှန်ပင်လယ်ကွေ့တို့တွင် ၇ လခန့် တပ်ဖြန့်ချထားရန် စီစဉ်ထားပါသည်။ အဆိုပါနေရာသည် အာဖရိကနှင့် ယီမင်နိုင်ငံတောင်ပိုင်းစွန်း အကြားရှိ ဘက်အယ်လ်မန်ဒက် ရေလက်ကြားနှင့် စူးအက်တူးမြောင်းတို့အတွက် အဓိကကျသောနေရာဖြစ် ပါသည်။၎င်းရေယာဉ်များသည်  ပင်လယ်ရေကြောင်းသွားလာမှု ဘေးကင်းလုံခြုံရေးအတွက် တာဝန် ထမ်းဆောင်နေသော ညွန့်ပေါင်းတပ်ဖွဲ့များနှင့် ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်ပါသည်။ 

Reuters     

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်