ဇွန်လ၂၇ရက်။၂၀၁၂ခုနှစ်။
တောင်ကိုရီးယားရေတပ်သည် ပင်လယ်ဝါရှိတင်းမာမှုဖြစ်ပွားနေသော Baengnyeong
ကျွန်း တွင် ရေကြောင်းကာကွယ်နိုင်စွမ်းကိုမြှင့်တင်ရန်နှင့် ဒေသခံများကိုအကာအကွယ်ပေးရန်တို့အတွက်
ခေတ်မီရေတပ် အခြေစိုက်စခန်းသစ်တစ်ခုတည်ဆောက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ဇွန်လ
၂၅ ရက်နေ့ တွင် ပြောကြားခဲ့သည်ဟု Newsnow
သတင်းတစ်ရပ်အရသိရှိရပါသည်။
မြောက်ကိုရီးယားနိုင်ငံနှင့်ထိစပ်နေသော အနောက်ဘက်ရေနယ်နိမိတ်၏တောင်ပိုင်းတွင်တည်ရှိသည့် Baengnyeong ကျွန်းတွင် ရေတပ်အခြေစိုက်စခန်း တည်ဆောက်ရေးစီမံကိန်းတစ်ရပ်ကို မကြာသေးမီက အင်ချုံမြို့တွင်အတည်ပြုပေးခဲ့ကြောင်းနှင့် အဆိုပါ Baengnyeong ကျွန်းသည် အင်ချုံမြို့တော် စည်ပင်၏အုပ်ချုပ်မှုအောက်တွင်တည်ရှိကြောင်း အဆိုပါတာဝန်ရှိသူ များကပြောကြားခဲ့ပါသည်။ အဆိုပါရေတပ်အခြေစိုက်စခန်းအား စတုရန်းကီလိုမီတာ ၂၄,၀၀၀ ခန့်ကျယ်ဝန်း သောမြေပေါ်တွင် တည်ဆောက် သွားမည်ဖြစ်ပါသည်။

၎င်းရေတပ်အခြေစိုက်စခန်းတည်ဆောက်မှုသည်
ဝမ် ၄၂.၅ ဘီလီယံ(အမေရိကန် ဒေါ်လာ ၃၆.၆ သန်း)ကုန်ကျမည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ
ကာကွယ်ရေးပစ္စည်းတပ်ဆင်မှုအေဂျင်စီက တည်ဆောက်မှုလုပ်ငန်းကိုကြီးကြပ်သွားမည်ဖြစ်ပါသည်။
ရေတပ် အခြေစိုက်စခန်းသစ်အား ဇွန်လ ကုန်ပိုင်းတွင် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး ၂၀၁၄
ခုနှစ်နှောင်းပိုင်းတွင် အပြီးသတ် တည်ဆောက်သွားရန်စီစဉ်ထားကြောင်းနှင့် ၎င်းရေတပ်အခြေစိုက်စခန်းတွင်
တပ်ဖွဲ့ဝင် ၁၀၀ ကျော် တပ်ဖြန့် ချထားနိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်ဟုသိရှိရပါသည်။
Newsnow
Time in Rangoon

0 comments:
Post a Comment