Wednesday, June 27, 2012

အင်ဒိုနီးရှားနှင့် အမေရိကန်လေတပ်ဖွဲ့တို့က ပူးတွဲစစ်ရေးလေ့ကျင့်ခန်းပြုလုပ်ခြင်း

Posted by Anonymous Wednesday, June 27, 2012, under | No comments

ဇွန်လ၂၆ရက်။၂၀၁၂ခုနှစ်။
အင်ဒိုနီးရှားနှင့် အမေရိကန်လေတပ်တို့သည် သဘာဝဘေးဒဏ်သင့်ဒေသများသို့ ထောက်ပံ့ပို့ဆောင်ရေး နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်မှုစွမ်းရည် မြှင့်တင်ရန်ရည်ရွယ်သည့် နှစ်နိုင်ငံလေတပ်ဖွဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတစ်ရပ်အား ဇွန်လ ၂၅ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြကြောင်း Xinhua  သတင်း တစ်ရပ်အရသိရှိရပါသည်။ 

အဆိုပါ Cope West အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းတွင် အင်ဒိုနီးရှားလေတပ်ဖွဲ့ဝင် ၈၀ ဦးနှင့် အမေ ရိကန် လေတပ်ဖွဲ့ဝင် ၄၀ ဦး စုစုပေါင်း ၁၂၀ ဦးပါဝင်လေ့ကျင့်လျက်ရှိကြောင်းနှင့် ဇွန်လ ၂၉ရက် နေ့ အထိ လေ့ကျင့်သွားရန်စီစဉ်ထားကြောင်း အင်ဒိုနီးရှားနိုင်ငံ ဟာလင်ပါဒနာကူစူမားလေတပ်အခြေစိုက် စခန်း၏ အမှတ်(၁)လေယာဉ်အုပ်မှူး ဗိုလ်မှူးကြီး အာဒီဂျက်ခ်ျဂျိုကိုကပြောကြားခဲ့ပါသည်။

 နှစ်နိုင်ငံလေတပ်ဖွဲ့ များအနေဖြင့် လေကြောင်းမှထောက်ပံ့ပို့ဆောင်ရေးပစ္စည်းများချခြင်း၊ ကယ်ဆယ်ရေး အဖွဲ့များချခြင်း၊ ညအချိန် ပျံသန်းခြင်းနှင့် ထောက်ပံ့ရေးပစ္စည်းများ ထုပ်ပိုးခြင်းလေ့ ကျင့်ခန်းများအား   လေ့ ကျင့်သွားကြမည်ဖြစ်ကြောင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် နှစ်နိုင်ငံ   လေတပ် ဖွဲ့၏ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ကောင်းမွန်လာစေမည်ဖြစ်ကြောင်း အမေရိကန်လေတပ်မှ ဒုတိယဗိုလ်မှူးကြီး ရစ်ခ်ရစ်ချက်ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။ 

Chinaview    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်