ဥရောပသမဂ်္ဂသည်
အီရန်၏ရေနံတင်ပို့မှုများအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများအား စတင် အကောင် အထည်ဖော်ဆောင်ရွက်လိမ့်မည်ဖြစ်သောကြောင့်
တောင်ကိုရီးယားအနေဖြင့် ဇူလိုင်လမှစ၍ အီရန်နိုင် ငံမှရေနံတင်သွင်းမှုများအား ရပ်တန့်သွားမည်ဖြစ်ကြောင်း
တောင်ကိုရီးယား ဘဏ္ဍာရေး ၀န်ကြီးဌာနက ဇွန်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
မူလကစီစဉ်ထားခဲ့သော
ဇူလိုင်လ ၁ ရက်နေ့မှစ၍ အီရန်၏ရေနံ တင်ပို့မှု များအတွက် မည်သည့် အာမခံ အမျိုးအစားကိုမဆို
တားမြစ်ပိတ်ပင်သွားရန် ဥရောပ သမဂ်္ဂ ၏ နိုင်ငံခြားရေး ကောင်စီက ဇွန်လ ၂၅ ရက်နေ တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။
အဆိုပါ တားမြစ်ချက်သည် တောင်ကိုရီးယား နိုင်ငံအပေါ် အီရန်ရေနံ တင်သွင်းမှုများအား ရပ်တန့်စေလိမ့်မည်ဖြစ်ကြောင်း
မဟာဗျူဟာရေးရာနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ၏ ပြောကြားချက်အရသိရှိရပါသည်။ တောင်ကိုရီးယားနိုင်ငံသည်
၂၀၁၁ ခုနှစ်တွင် အီရန်မှရေနံစည် ပေါင်း ၈၇.၁၈ သန်းတင်သွင်းခဲ့ရာ ၂၀၁၀ ပြည့်နှစ်နှင့်နှိုင်းယှဉ်ပါက
၂၀.၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။
Wednesday, June 27, 2012
တောင်ကိုရီးယားသည် အီရန်မှ ရေနံတင်ပို့မှုဇူလိုင်လတွင် ရပ်ဆိုင်းမည်ဆိုခြင်း
Posted by drmyochit
Wednesday, June 27, 2012, under | No comments
Xinhuanet.com;
0 comments:
Post a Comment