Wednesday, June 27, 2012

ဆီးရီးယားနိုင်ငံတွင် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွား

Posted by drmyochit Wednesday, June 27, 2012, under | No comments


ဒမတ်စကတ်မြို့၏ ဆင်ခြေဖုံးဖြစ်သည့် Hameh ESifh Qudsaiah တွင် ဆီးရီးယားတပ်ဖွဲ့များနှင့် လက်နက် ကိုင်သူပုန်များအကြား တိုက်ပွဲများမှာ ဇွန်လ ၂၅ ရက်ညတစ်ညလုံးမှ ဇွန်လ ၂၆ ရက်အာရုဏ်တက် အချိန် အထိ ပြင်းထန်စွာဖြစ်ပွားခဲ့ပါသည်။ ဒမတ်စကတ်မြို့နှင့်ဝန်းကျင်ဒေသများတွင် မငြိမ်သက်မှုများဖြစ်ပွား ခဲ့သော ၁၆ လတာကာလအတွင်း အဆိုးဆုံးတိုက်ပွဲ တစ်ခုဖြစ်ပြီး ပေါက်ကွဲမှု များနှင့်သေ နတ်သံများကြောင့် ဒေသခံအများစုမှာ အိပ်စက်မရနိုင်အောင်ဖြစ်ခဲ့ရပါသည်။ ဆီးရီးယားတပ် ဖွဲ့အနေဖြင့် Qudsaiah များတွင် သူပုန်များရှိနေမှုကို ရှင်းလင်းရန်ကြိုးပမ်းမှုအနေဖြင့် ၎င်းင်းဒေသတွင် လက်နက် ကိုင်ဆန့်ကျင်သူများနှင့် တိုက်ခိုက်နေကြောင်း အစိုးရလိုလားသောသတင်း ဌာနများမှ ပြောကြားခဲ့ပါသည်။ ဆီးရီးယားလွတ်လပ်ရေး တပ်မတော် (FSA) သူပုန် အဖွဲ့ဝင် ၃၀၀ ကျော်သည်Hameh ESifh Qudsaiah ဒေသများတွင် ရှိနေဆဲဖြစ်ကြောင်း ဒမတ် စကတ်မြို့အနောက်ဘက်ရှိ Qasioun  တောင်၏ အနောက်ဘက်ဆင်ခြေလျောများတွင် တစ်ဦးနှင့်တစ်ဦး နီးကပ်စွာရှိနေကြကြောင်း မျက်မြင်တွေ့ ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။
 Xinhuanet.com

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်