ဇွန်လ၂၇ရက်။၂၀၁၂ခုနှစ်။
ထို့အပြင် အီရန်နိုင်ငံသည် ၎င်း၏ရေတပ်ဖွဲ့များအား ပါရှန် ပင်လယ်ကွေ့တွင် တပ်ဖြန့်ချထားမည့် အစား မြေထဲပင်လယ်နှင့် ပင်လယ်နီအတွင်း၌ တပ်ဖြန့်ချထားခဲ့ကြောင်း အီရန်ရေတပ်ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး ဟာဘီဘိုလာဆာရာရီကပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ရေနံတင်သင်္ဘော များအား ပင်လယ်ဓားပြရန်မှ ဘေးကင်းလုံခြုံစေရေးအတွက် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ပထမ ဆုံးအကြိမ်အဖြစ် စူးအက်တူးမြောင်းနှင့် မြေထဲပင်လယ်အကြားတွင် စစ်သင်္ဘော ၂ စီး စေလွှတ်၍ လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ စစ်သင်္ဘောများစေလွှတ်၍လည်းကောင်း နိုင်ငံတကာရေပိုင် နက် တွင်ရေတပ်အား တွဲဖက်တပ်စွဲစေခဲ့ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။
အီရန်နိုင်ငံက ၎င်း၏ရေနံတင်သင်္ဘောများအား
အကာအကွယ်ပေးရေးအတွက် နိုင်ငံတကာရေပိုင်နက် များတွင် ကင်းလှည့်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ဇွန်လ ၂၅ ရက်နေ့တွင် ထုတ်ဖော်ပြောကြား ခဲ့သည်ဟ Reuters သတင်းတစ်ရပ်အရသိရှိရပါသည်။
ထို့အပြင် အီရန်နိုင်ငံသည် ၎င်း၏ရေတပ်ဖွဲ့များအား ပါရှန် ပင်လယ်ကွေ့တွင် တပ်ဖြန့်ချထားမည့် အစား မြေထဲပင်လယ်နှင့် ပင်လယ်နီအတွင်း၌ တပ်ဖြန့်ချထားခဲ့ကြောင်း အီရန်ရေတပ်ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီး ဟာဘီဘိုလာဆာရာရီကပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ရေနံတင်သင်္ဘော များအား ပင်လယ်ဓားပြရန်မှ ဘေးကင်းလုံခြုံစေရေးအတွက် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ပထမ ဆုံးအကြိမ်အဖြစ် စူးအက်တူးမြောင်းနှင့် မြေထဲပင်လယ်အကြားတွင် စစ်သင်္ဘော ၂ စီး စေလွှတ်၍ လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာအတွင်းသို့ စစ်သင်္ဘောများစေလွှတ်၍လည်းကောင်း နိုင်ငံတကာရေပိုင် နက် တွင်ရေတပ်အား တွဲဖက်တပ်စွဲစေခဲ့ကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။
အီရန်နိုင်ငံသည် လွန်ခဲ့သော ၃ နှစ်တာကာလအတွင်း နိုင်ငံတကာရေပိုင်နက်များတွင်
ပင်လယ် ဓားပြနှိမ်နင်းရေးမစ်ရှင် ၈၅ ခုအား ထမ်းဆောင်ခဲ့ကြောင်း နိုင်ငံတကာရေကြောင်းသွားလာမှုဆိုင်ရာအဖွဲ့ (International Maritime Organization-IMO) ၏ အီရန်အမြဲတမ်းကိုယ်စားလှယ် အလီအက္ကဘာ မာ့ဇ်ဘန်က မေလ
၁၈ ရက်နေ့တွင်ထုတ်ဖော်ပြောကြား ခဲ့သည်ဟုသိရှိရပါသည်။
Reuters
Time in Rangoon

0 comments:
Post a Comment