Wednesday, June 27, 2012

တူရကီနိုင်ငံသည် ဆီးရီးယားအရေးကိစ္စနှင့်ပတ်သက်၍ NATO အဖွဲ့၏ အကူအညီရယူရန် ရည်မှန်းထားသည်ဟုဆို

Posted by Anonymous Wednesday, June 27, 2012, under | No comments

 ဇွန်လ၂၆ရက်။၂၀၁၂ခုနှစ်။
တူရကီနိုင်ငံသည် ဆီးရီးယားတပ်ဖွဲ့ဝင်များက ၎င်း၏  F-4 ဂျက်တိုက်လေယာဉ်တစ်စင်းအား လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းကပစ်ချခံခဲ့ရပြီးနောက် ဇွန်လ ၂၆ ရက်နေ့အထူးအစည်းအဝေးတစ်ရပ်တွင် NATO မဟာမိတ်အဖွဲ့ထံမှ ကျောထောက်နောက်ခံပြုပေးရေး တောင်းဆိုမည်ဖြစ်ကြောင်းနှင့် အဆိုပါမတော် တ ဆဖြစ်ရပ်အား ဆီးရီးယားနိုင်ငံက မိမိကိုယ်ကိုကာကွယ်မှုတစ်ရပ်အဖြစ် ပြောကြားခဲ့သော်လည်း တူရကီနိုင် ငံက အဆိုပါကိစ္စရပ်အားရန်စမှုလုပ်ရပ်အဖြစ် ရှုမြင်ထားကြောင်း ဇွန်လ ၂၅ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။
တူရကီအစိုးရအဖွဲ့သည် ၇ နာရီကြာအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပြီးနောက် တူရကီ ဂျက်တိုက်လေယာဉ် တစ်စီးအား ဆီးရီးယားနိုင်ငံကပစ်ချခဲ့မှုကို အပြစ်မပေးဘဲနေမည်မဟုတ်ကြောင်း တူရကီ အစိုးရ အဖွဲ့ပြေားရေး  ဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။ ယခုဖြစ်ရပ်သည် NATO အဖွဲ့၏ ၆၃ နှစ်ကြာ သမိုင်းကြောင်းတွင် ဒုတိယအကြိမ်မြောက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းနှင့် NATO အဖွဲ့၏ပဋိဥာဉ်စာချုပ် အခန်း၎ အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ပိုင်နက်နယ်မြေပိုင်ဆိုင်မှု၊ နိုင်ငံရေးဆိုင်ရာသီးခြားလွတ် လပ်မှု၊ သို့မဟုတ် လုံခြုံရေးအခြေအနေတို့အပေါ် ခြိမ်းခြောက်ခံနေရပါက အကြံပေးညှိနှိုင်းမှုများကို ဖြည့် ဆည်းဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ပေးပို့သည့်စာတစ်စောင်တွင် တူရကီနိုင်ငံက ဆီးရီးယားအာဏာပိုင် များ ၏လုပ်ရပ်သည် တူရကီနိုင်ငံ၏အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည့် ရန်ပြုလိုသောလုပ်ရပ်ဖြစ်ကြာင်း ပြစ် တင်ရှုတ်ချခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးအတွက် ပြင်းထန်သောခြိမ်းခြောက်မှုတစ်ရပ်ပင်ဖြစ် ကြောင်းလည်းဖော်ပြခဲ့သည်ဟုသိရှိရပါသည်။ အဆိုပါမတော်တဆဖြစ်ရပ်ကြောင့် နှစ်နိုင်ငံအကြားဆက်ဆံရေး တင်းမာမှုအခြေအနေပိုမိုမြင့်မားလာ ဖွယ်ရှိကြောင်း သိရှိရပါသည်။ 

Newsnow    

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်