Thursday, August 09, 2012

အင်ဒိုနီးရှားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံမှရေငုပ်သင်္ဘောသစ် ၃ စီး မှာယူခဲ့သည်ဟုဆို

Posted by drmyochit Thursday, August 09, 2012, under | No comments



အင်ဒိုနီးရှား နိုင်ငံသည် တောင်ကိုရီးယား နိုင်ငံမှ ရေငုပ်သ င်္ဘောသစ် ၃ စီးအားတရား ဝင်မှာယူခဲ့ကြောင်း အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပါနိုမိုယူဂီ အန်တိုရိုက သြဂုတ်လ၇ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု Xinhua သတင်းတစ်ရပ် အရသိရှိရ ပါသည်။ အဆိုပါ သဘောတူ စာချုပ်ကို ယခင်ကတည်းက လက်မှတ်ရေးထိုး ခဲ့ပြီးဖြစ်ကြောင်း၊ ရေငုပ်သင်္ဘော တစ်စီးအား တောင်ကိုရီးယား နိုင်ငံတွင် တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ တတိယရေ ငုပ်သင်္ဘော တစ်စီးအား အင်ဒိုနီးရှားနှင့် တောင်ကိုရီးယား အင်ဂျင်နီယာများ ကပူးတွဲတည် ဆောက်သွားမည် ဖြစ်ကြောင်းနှင့် တတိယ တစ်စီးအား အင်ဒိုနီးရှား နိုင်ငံတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့ပါသည်။ အဆိုပါရေငုပ်သင်္ဘောများသည် အင်ဒိုနီးရှားနိုင်ငံ၏ ရေတပ် စစ်ဆင်ရေး လုပ်ငန်းများ တိုးတက်လာ စေလိမ့်မည်ဟု မျှော်လင့်ရကြောင်း ၄င်းကပြောကြား ခဲ့ပါသည်။ လက်ရှိအ ချိန်တွင် အင်ဒိုနီး ရှားနိုင်ငံ၌ ရေငုပ်သင်္ဘော ၂ စီးဖြင့် စစ်ဆင်ရေးများ ကိုဆောင်ရွက် လျက်ရှိပြီး ရေတပ်အနေဖြင့် အဆိုပါ ရေငုပ်သင်္ဘောသစ် ၃ စီးအား ၂ဝ၁၅ ခုနှစ်တွင် လက်ခံရရှိ လိမ့်မည်ဟု မျှော်မှန်းကြောင်း သိရှိရပါသည်။ အာဖဂန်နစ္စတန် ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ခဲ့ခြင်း အာဖဂန်နစ္စတန် ပါလီမန်က အကျင့်ပျက်လာဘ် စားမှုများ ဆုံးသတ် စေရေးကြိုးပမ်းဆောင်ရွက်သည့် အနေဖြင့် ကာကွယ်ရေးဝန်ကြီး အဗ္ဗဒူရာဟင်ဝါဒက်နှင့် ပြည်ထဲရေးဝန်ကြီး ဘစ်မီလာခမ်းမိုဟာမက်ဒီတို့အားရာထူးမှထုတ်ပယ်ရန် မဲခွဲ ဆုံးဖြတ်ခဲ့ပြီးနောက် ၃ ရက်အကြာ သြဂုတ်လ ၇ရက်နေ့တွင် ကာကွယ်ရေး ဝန်ကြီးအဗ္ဗဒူရာဟင်ဝါဒက်သည် ရာထူးမှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်ဟု Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။ ပါလီမန်အနေဖြင့် မိမိအား ယခင်က ၂ ကြိမ်စလုံးအယုံအကြည်ရှိကြောင်း ထောက်ခံမဲ ပေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် မူအယုံအကြည် မရှိမဲပေးခဲ့ကြကြောင်း၊ မိမိအနေဖြင့် ၄င်းရလဒ်ကို လက်ခံပါကြောင်း ဝါဒက်က ပြောကြားခဲ့ပါသည်။ ဝါဒက်သည် ကာကွယ်ရေးဝန်ကြီးအဖြစ် ၁ဝ နှစ်ကြာ တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ပါသည်။ အာဖဂန်ပါလီမန်သည် သမ္မတဟာမစ်ကာ ဇိုင်း၏လုံခြုံရေး အဖွဲ့တွင် အာဏာအရှိ ဆုံးအဖွဲ့ဝင်၂ ဦးဖြစ်သော ဝါဒက်နှင့်မိုဟာမက်ဒီ တို့အား ထုတ်ပယ်ရေးနှင့် ပတ်သက်၍ သြဂုတ်လ ၅ ရက်နေ့က မဲခွဲဆုံး ဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ သမ္မတကာဇိုင်းက ဝါဒက်အနေဖြင့် ၄င်း၏နေရာတွင် အစားထိုးခန့်အပ် တာဝန်ပေးသည့်အ ချိန်အထိ ဆက်လက် တာဝန်ထမ်း ဆောင်သွားရန် တောင်းဆို ထားကြောင်းသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်