Thursday, August 09, 2012

အီရန်အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးသည် ဆီးရီးယားသမ္မတအဆက်နှင့် တွေ့ဆုံရန် ဆီးရီးယားနိုင်ငံသို့ရောက်ရှိခဲ့ခြင်း

Posted by drmyochit Thursday, August 09, 2012, under | No comments


အီရန် အမျိုးသား လုံခြုံရေး ကောင်စီအတွင်းရေးမှူး ဆာအက်ဂျာလီလီသည် ဆီးရီးယား သမ္မတအဆက် နှင့် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ရန်အတွက် သြဂုတ်လ ၇ ရက်နေ့တွင် ဆီးရီးယား နိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု Xinhua သတင်း တစ် ရပ်အရသိရှိရပါသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ဆီးရီးယား နိုင်ငံ၌လက် ရှိဖြစ်ပေါ်နေ သောအခြေအနေများနှင့် အဓိ ကအားဖြင့် ဆီးရီးယားနိုင်ငံ ဒမတ်စကတ်မြို့တွင် သြဂုတ်လ ၄ ရက်နေ့က အီရန်ဘုရားဖူး ခရီးသည် ၄၈ ဦးပြန်ပေး ဆွဲခံရမှုနှင့် ပတ်သက်၍ ဆွေးနွေးသွား မည်ဖြစ်ပါသည်။ အီရန်နိုင်ငံ သည်အဆိုပါပြန်ပေး ဆွဲခံရမှုနှင့် ပတ်သက်၍ တာဝန်ရှိသော ပင်လယ် ကွေ့ နိုင်ငံများနှင့် တူရကီနိုင်ငံတို့နှင့်လည်း ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံများက ပြန်ပေးဆွဲခံ ရသူများမှာ အီရန် စစ်သည် များဖြစ်သည် ဟုပြောကြားမှုအား အီရန်နိုင်ငံက ငြင်းဆိုခဲ့ကြောင်းနှင့် ပြန်ပေးဆွဲခံရသူများသည် ရှီးယိုက် ဘုရားဖူးခရီးသည်များသာဖြစ်ကြောင်း ဂျာလီလီကပြောကြားခဲ့ပါသည်။ ဂျာလီလီသည် လက်ဘနွန်နိုင်ငံမှ ဆီးရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး တူရကီနိုင်ငံသို့ဆက်လက်သွားရောက်မည်ဟုမျှော်လင့်ရကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်