Thursday, August 09, 2012

ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍအဆင်ပြေချောမွေ့ရန်အတွက် ဂျပန်နိုင်ငံမှ City Bus အစီးရေ ၃၀၀၀ နိုဝင်ဘာလတွင် ရောက်ရှိမည်

Posted by drmyochit Thursday, August 09, 2012, under | No comments



မြန်မာနိုင်ငံသည် လွတ်လပ် ပွင့်လင်းမြင်သာမှုရှိလာသည့်နှင့် အမျှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ သည် အဆက် မပြတ်ဝင်လာတော့ မည်ဖြစ်ပြီး ယခုတွင်လည်း ဂျပန် နိုင်ငံ ICE Group Japan Car Co., Ltd. မှ မြန်မာနိုင်ငံ ကုန်းလမ်း ပို့ဆောင်ရေးကဏ္ဍအား အဆင် ပြေချောမွေ့ရန် City Bus အစီး ရေ ၃၀၀၀ အား ရထားပို့ဆောင် ရေးဝန်ကြီးဌာနနှင့် အ ကျိုး တူပူး ပေါင်းကာ ကူညီထောက်ပံပေး သွားမည်ဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် သြဂုတ်လ ၆ရက်နေ့က Chatrium Hotel တွင် ပြုလုပ်ခဲ့သော ဂျပန် နိုင်ငံ ICE Group နှင့် မြန်မာနိုင်ငံ ကုန်းလမ်းပို့ရေး (ကပရ)၏ သတင်းစာရှင်းလင်းပွဲမှ သိရ သည်။

အဆိုပါကားများအား ၃လ အတွင်း မြန်မာနိုင်ငံသို့ အစီးရေ သုံးထောင်ပို့ပေးသွားမည်ဖြစ် ကြောင်း ICE Group Japan Car Co.,Ltd မှ ဒါရိုက်တာ ဦးတင် အောင်မြင့်မှ ပြောကြားသည်။

““အခုကစပြီး ကျွန်တော်တို့ ဂျပန်နိုင်ငံကနေပြီး ပို့တော့မှာပါ။ ဒီကားအစီးရေ ၃၀၀၀ကို ကျွန်တော် တို့ သုံးလအတွင်း ပို့ပေး မှာပါ။ ပို့ပြီးလို့ သုံးတဲ့နေရာမှာဆိုလည်း ရန်ကုန်မြို့တွင်းရယ်၊ နယ်ဝေးရယ် ဆိုပြီး သုံးစွဲသွားမှာပါ”” ဟု အဆိုပါ ကားကု မ္ပဏီ၏ ဒါရိုက်တာဦးတင် အောင်မြင့်မှ ပြောကြားခဲ့သည်။

ယခု ရန်ကုန်မြို့တော်အတွင်း တွင် လက်ရှိပြေးဆွဲနေသော ယာဉ်အများစုမှာ သက်တမ်းကြာ မြင့်နေပြီဖြစ်ပြီး ယာဉ် ကျန်း မာရေး အခြေအနေသည်လည်း လုံခြုံမှု မရှိသောကြောင့် ရန်ကုန်မြို့တွင် သွားလာလျက်ရှိသော ပြည်သူ များနှင့် ခရီး ဝေးသွားနေကျသော ပြည်သူများ လွယ်ကူချောမွေ့စေ ရန် ပို့ဆောင်ရေးကဏ္ဍ ပိုမိုခေတ်မီ တိုးတက်လာရေးအတွက် ပူး ပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်