Thursday, August 09, 2012

အီဂျစ်လေတပ်က ဆိုင်းနိုင်းကျွန်းဆွယ်တွင် တိုက်လေယာဉ်များ တပ်ဖြန့်ချထားခဲ့သည်ဟုဆို

Posted by drmyochit Thursday, August 09, 2012, under | No comments



သြဂုတ်လ ၅ ရက်နေ့က အစ္စရေး နယ်စပ်ဒေသ Rafah မြို့ရှိ Kerem Shalom  စစ်ဆေးရေး စခန်းအားအကြမ်း ဖက်သမားများက တိုက်ခိုက်ခဲ့သဖြင့် အီဂျစ်စစ်သည် ၁၆ ဦးသေဆုံးခဲ့ရပြီးနောက် အီဂျစ်လေတပ် သည်ဆိုင်းနိုင်းကျွန်း ဆွယ်ဒေသတွင် တိုက်လေယာဉ်များအား တပ်ဖြန့်ချထားခဲ့ ကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုသည် အီဂျစ်-အစ္စရေးငြိမ်း ချမ်းရေးသဘော တူစာချုပ်အား လက်မှတ်ရေး ထိုးခဲ့သည့် ၁၉၇၉ ခုနှစ်နောက်ပိုင်း ပထမဆုံး ဖြစ်ပွားသည့် တိုက်ခိုက်မှုဖြစ်ကြောင်း သြဂုတ်လ ၆ ရက်နေ့ Newsnow သတင်းတစ်ရပ် အရသိရှိရ ပါသည်။ အဆိုပါ တိုက်ခိုက်မှုတွင် တာဝန်ရှိသော အကြမ်းဖက်သမား များကိုရှာဖွေမှုအား ကူညီထောက် ပံ့ရန်အတွက် ဒုံးပျံများ တပ်ဆင်ထားသော အီဂျစ်တိုက် လေယာဉ် ၂ စင်းသည် သြဂုတ်လ ၆ ရက်နေ့အစော ပိုင်းတွင် El Arish မြို့သို့ရောက် ရှိလာခဲ့ပြီး နောက်ထပ်စစ် လေယာဉ်များလည်း ထပ်မံ ရောက်ရှိလာမည် ဖြစ်ကြောင်း သိရှိရ ပါသည်။အီဂျစ် စစ်ဘက်ကောင်စီ ၏တရားဝင် ထုတ်ပြန်ချက် အရအဆိုပါ တိုက်ခိုက်မှုအား အကြမ်းဖက်သမား ၃၅ ဦးက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အနည်းဆုံး အဆိုပါ အကြမ်းဖက်သမား ၃ဝ ခန့်ထွက်ပြေး တိမ်းရှောင် လျက်ရှိကြောင်း သိရှိရပါသည်။အဆိုပါ တိုက်ခိုက်မှု တွင်ဂါဇာကမ်း မြောင်ဒေသရှိ အကြမ်းဖက် သမားများက အစ္စရေးနိုင်ငံ ဘက်သို့ မော်တာများ ဖြင့်ပစ်ခတ်ခြင်းဖြင့် ကူညီပေးခဲ့ ကြောင်းလည်း သိရှိရပါသည်။ အဆိုပါ ဆိုင်းနိုင်း ဒေသတွင် ဖြစ်ပွားခဲ့ သောတိုက်ခိုက် မှုသည် ဂါဇာ ဒေသရှိဟားမာ့စ် အုပ်ချုပ်သူများနှင့် ဆက်ဆံ ရေးနွေးထွေး မှုရှိစေရန် ကြိုးပမ်းလျက် ရှိသော အီဂျစ် သမ္မတမော်စီ အတွက် စိန်ခေါ် မှုတစ်ရပ်ဖြစ် လာစေပါသည်။ မော်စီက အဆိုပါ အကြမ်းဖက် သမားများအား ပြစ်ဒဏ် ပေးသွားမည် ဖြစ်ကြောင်းနှင့် ဆိုင်းနိုင်းဒေသအား လုံခြုံရေး ပြန်လည်တည် ဆောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး သေဆုံးခဲ့ရ သူများအတွက် ဝမ်းနည်း ကြေကွဲသည့် နေ့ရက် ၃ ရက် သတ်မှတ် ကြေညာခဲ့ ကြောင်းသိရှိ ရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်