ပြီးခဲ့တဲ့ သြဂုတ်လ (၅)ရက်နေ့က မိုးမောက်မြို့၊
မြို့သစ်ကျေးရွာရှိ ဘုန်းကြီးကျောင်း မှာ ခေတ္တနေထိုင်နေ တဲ့ မောင်ချစ်ဦးနဲ့
မောင်ငယ်ထွေးတို့ (၂)ယောက်သည် ဒေါ့ဖုန်ယန်းမြို့နယ်ခွဲကို န၀မတန်းအောင်လက်မှတ်
သွားယူစဉ် အူတန်ယန်ကျေးရွာအနီးမှာ KIA တပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီး
ဖမ်းဆီးသွားတယ်လို့ အူတန် ယန် ကျေးရွာအနီးပြောင်းဖူးခင်းမှာ အလုပ်လုပ်နေတဲ့
ဦးလရန်က ပြောပါတယ်။
ယခုအတောအတွင်း KIA နဲ့ မြန်မာတပ်မတော်တို့ တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေပြီး KIA
တပ်ဖွဲ့တွေအနေနဲ့ အကျအဆုံးများပြားစွာရှိတာကြောင့် လူအင်အားထပ်မဖြည့်တင်းဖို့အတွက်
မန်စီမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာ(၉)ရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ
(၄)ရက်နေ့ကစပြီး KIA တပ်ဖွဲ့ဝင်အချို့ဟာ အရပ်သား ယောင်ဆောင်ပြီး လူပျို၊
လူလွတ်တွေ၊ ကျောင်းမနေတဲ့ လူငယ်တွေကို စုဆောင်းနေတယ်လို့ သိရပါတယ်။
KIA အဖွဲ့တွေရဲ့
လူသစ်စုဆောင်းမှုတွေကြောင့် ဒေသခံရွာသားတွေအနေနဲ့ ညအချိန်မှာ
တောင်ရွာထဲမှမအိပ်တော့ဘဲ တောင်ယာတောထဲမှာ သွားရောက်အိပ်စက်ခြင်း၊
မြို့ပေါ်ပြောင်းရွှေုနေထိုင် လုပ်ကိုင်ကြ ခြင်းတို့ကြောင့် ယခုလိုအရပ်သားယောင်ဆောင်ပြီး
ရွာတွေမှာရှိတဲ့ သူတို့ရဲ့အမာခံ ပြည်သူ့စစ် အကူအညီနဲ့ လူသစ်စုဆောင်း
နေကြရတာပဲဖြစ်ပါတယ်။
မြန်မာစစ်တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန်မှာလည်း
အဓမ္မလူသစ်စုဆောင်းခြင်းခံထားရတဲ့ တပ်သားသစ်တွေဟာ အခြေခံစစ်သင်တန်းကိုကောင်းစွာ မတက်မြောက်ကြခြင်း၊
စစ်တိုက်လိုစိတ် မရှိကြခြင်း တို့အပြင် ထောက်ပံ့ပေးကမ်းမှုတွေလည်း မရှိတာကြောင့်
အကျအဆုံးများပြားလျက်ရှိနေ ကြပါတယ်။
KIA ခေါင်းဆောင်ပိုးတွေအနေနဲ့ကတော့ ယခုလို လူသစ်စုဆောင်းကာ ၊ အင်အားဖြည့်
တင်း နေတာကတော့ ဒေသခံလူမျိုးများ ဆင်းရဲဒုက္ခခံစားနေရမှုတွေကို လျစ်လျူရှု့ထားပြီး
လက်နက်နဲ့ ငြိမ်း ချမ်းရေး လဲလှယ်လိုစိတ် မရှိတဲ့အတွက် ကချင်ပြည်နယ်အတွင်းမှာ
သေနတ်သံ၊ ဗုံးသံ၊ အမြောက်သံတွေ ဆက်လက် ဆူညံနေစေတာဘဲ ဖြစ်ပါတယ်။
Time in Rangoon

0 comments:
Post a Comment