Thursday, August 09, 2012

ယူဂန်ဒါနိုင်ငံသည် လေတပ် တပ်ဖွဲ့များကို ဆိုမာလီယာနိုင်ငံသို့စေလွှတ်တပ်ဖြန့်ချထားခဲ့ခြင်း

Posted by drmyochit Thursday, August 09, 2012, under | No comments



ယူဂန်ဒါ စစ်ဘက်သည် အာဖရိကသမဂ္ဂ (AU) ၏ ငြိမ်းချမ်း ရေးလုပ်ငန်း များကို အထောက် အကူပေး ရန်အတွက် လေတပ် တပ်ဖွဲ့ဝင်များ နှင့်ရဟတ်ယာဉ်များကို ဆိုမာလီယာ နိုင်ငံသို့ ပထမဆုံး အကြိမ်စေ လွှတ်တပ် ဖြန့်ချထားခဲ့ကြောင်း Xinhua သတင်းတစ်ရပ် အရသိရှိရပါသည်။ လေတပ်စစ်သည်များ၊ အမျိုးသမီး စစ်မှုထမ်းများနှင့်ရ ဟတ်ယာဉ်များကို မြို့တော်ကန်ပါလာ၏ တောင်ဘက် ကီလိုမီတာ ၄ဝ (၂၄.၈ မိုင်)အကွာရှိ အန်တက်ဘီ လေတပ်အခြေ စိုက်စခန်းတွင် သြဂုတ်လ ၆ ရက်နေ့၌ ယူဂန်ဒါ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အရွန်ဒါညာကရီမာက အခမ်းအနား ဖြင့်စေလွှတ် ပေးခဲ့ပါသည်။ ဆိုမာလီယာ စစ်သွေးကြွများအပေါ် လေကြောင်းမှ တိုက်ခိုက်ရန်၊ယာဉ်တန်းများ အတွက် လေကြောင်းမှအစောင့်လိုက်ပေးရန်၊ ထောက်ပံ့ရေးလမ်းကြောင်းများ တစ်လျှောက် ကင်းထောက်ရန်၊ဆေးဘက်ဆိုင် ရာရွှေ့ပြောင်းကယ်ဆယ် ရေးများဆောင်ရွက်ရန်နှင့် လေကြောင်းရှာဖွေရေး နှင့်ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက် ရန်တို့အတွက် အဆိုပါ ရဟတ်ယာဉ်များကို အသုံးပြုသွားမည် ဖြစ်ပါသည်။အဆိုပါ တပ်ဖြန့်မှုအား ယူဂန်ဒါသမ္မတ ယိုဝါရီမူဆီဗီနီ၊ အာဖရိကသမဂ္ဂနှင့် ကုလသမဂ္ဂတို့ကခွင့်ပြုပေးခဲ့ပြီးနောက် ယူဂန္ဓာလေတပ်အနေဖြင့် ဆိုမာလီယာရှိ အာဖရိက သမဂ္ဂမစ်ရှင်(African Union Mission in Somalia-AMISOM) တွင် ပူးပေါင်း ပါဝင်လာခြင်း ဖြစ်ပါသည်။ ယူဂန်ဒါ နိုင်ငံသည် လက်ရှိအချိန်တွင် ဆိုမာလီယာ နိုင်ငံ၏ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အားကူညီရန် အတွက် အဆိုပါ မစ်ရှင်များတွင် စစ်သည် ၈ဝဝဝကျော် တာဝန်ထမ်းဆောင် လျက်ရှိကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်