ရုရှားနိုင်ငံသည် အတ္တလန္တိတ်နှင့် ပစိဖိတ် သမုဒ္ဒရာတို့ ကိုချိတ်ဆက်
ထားသော မြောက်ပိုင်း ပင်လယ်ရေ လမ်းကြောင်း တစ်လျှောက်တွင် နယ်ခြား စောင့်တပ်ဖွဲ့နှင့်
ရေတပ်အ ခြေစိုက်စ ခန်းများတည်ဆောက် သွားရန်စီစဉ် ထားကြောင်း ရုရှားလုံခြုံရေး ကောင်စီအကြီးအကဲ
Nikolay Partushev က သြဂုတ်လ ၆ ရက်နေ့တွင်
ပြောကြားခဲ့ ကြောင်းသိရှိ ရပါသည်။ အာတိတ်ပင်လယ် အစွန်အဖျား ဒေသများရှိ အချို့သော နေရာများတွင်
အဆိုပါအခြေစိုက် စခန်းများ တည်ဆောက်မည့် နေရာအား ရေးဆွဲ သတ်မှတ်ခဲ့ပြီး ဖြစ်ကြောင်း
Nikolay Partushev ကဆိုက်ဘေးရီးယား ဒေသတွင်
သြဂုတ်လ ၆ ရက်နေ့က ပြုလုပ်သော လုံခြုံရေးကောင်စီအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
သို့ရာတွင် အဆိုပါအခြေစိုက်စခန်းတည်ဆောက်မှုကို နှေးကွေးစွာဆောင်ရွက်လျက်ရှိကြောင်း¤င်းကပြောကြားခဲ့ပါသည်။
အာတိတ်ဒေသအင်အားကြီးနိုင်ငံများဖြစ်သော ရုရှား၊ နော်ဝေ၊ အမေရိကန်၊ကနေဒါနှင့် ဒိန်းမတ်နိုင်ငံတို့သည်
ရေနံနှင့်ဓာတ်ငွေ့များထွက်ရှိမည်ဟုယူဆရသော အာတိတ်ဒေသအား မည်သို့ခွဲဝေပိုင်းခြားမည်ဆိုသည်နှင့်ပတ်သက်၍
သဘောထားကွဲလွဲနေလျက်ရှိပါသည်။ ရုရှားနိုင်ငံသည် ၂ဝ၁၃ ခုနှစ်တွင်အာတိတ်မြေပုံအားပြန်လည်ရေးဆွဲရန်
စီစဉ်ထားသည့်အပြင် အာတိတ်ဒေသရှိ ၄င်းတို့၏ စီးပွားရေးနှင့် နိုင်ငံရေး အကျိုးစီးပွား
များကိုကာကွယ် ရန်အတွက် စစ်ဘက်၊ နယ်ခြားစောင့်နှင့် ကမ်းခြေစောင့် တပ်ဖွဲ့များပါ ဝင်သော
ပူးပေါင်းတပ်ဖွဲ့ တစ်ခုကို ၂ဝ၂ဝ ခုနှစ်တွင် ဖြန့်ကြက် ချထားသွား မည်ဖြစ်ကြောင်း သိရှိရပါသည်။
Time in Rangoon

0 comments:
Post a Comment