Thursday, August 09, 2012

အစ္စရေးနိုင်ငံ၏တိုက်ခိုက်လာနိုင်ဖွယ်ရှိမှုကို အီရန်နိုင်ငံကစဉ်းစားလျက်ရှိခြင်း

Posted by drmyochit Thursday, August 09, 2012, under | No comments



အီရန်နိုင်ငံအား ရည်ရွယ် ပြုလုပ်သည့် အစ္စရေး နိုင်ငံ၏ မည်သည့် စစ်ရေးလှုပ် ရှားမှုကို မဆိုဆန့်ကျင် ကြောင်းနှင့် အစ္စရေးအနေဖြင့် ထိုကဲ့သို့ ဆောင်ရွက်မည် ဆိုပါက ကိုယ့်နိုင်ငံကို ဖျက်ဆီးရာ ရောက်စေမည် ဖြစ်ကြောင်း အီရန်ကာကွယ်ရေး ဝန်ကြီး ဗိုလ်မှူးချုပ် အာမက်ဗာဟီဒီက သြဂုတ်လ ၇ ရက်နေ့ တွင်ထုတ်ဖော် ပြောကြား ခဲ့သည်ဟု Newsnow သတင်း တစ်ရပ် အရသိရှိ ရပါသည်။ လွန်ခဲ့သော ရက်သတ္တပတ်က အမေရိကန် ကာကွယ်ရေး ဝန်ကြီးလီယွန်ပန်နက်တာ အရှေ့အလယ် ပိုင်းဒေသသို့ လာရောက်ခဲ့မှုသည် မီးလောင်ရာ လေပင့်လုပ်ဆောင် မှုတစ်ရပ်ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားခဲ့ပါသည်။ အမေရိကန် နှင့်အစ္စရေး တို့သည် ဆီးရီးယား အစိုးရအား ဖြုတ်ချရန် ပူးပေါင်းကြံစည် လျက်ရှိကြောင်း ဗာဟီဒီက ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့ပြီး အစ္စရေး နိုင်ငံ၏ ဒေသတွင်း၌ အထီးကျန် ဖြစ်မှုကို ချေဖျက်ရန် စိတ်ဓာတ် စစ်ဆင်ရေး လုပ်ဆောင် မှုဖြစ်ကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့ပါသည်။ အီရန် စစ်ဘက် အနေဖြင့် အစ္စရေး၏ လှုပ်ရှားလာ နိုင်မှုမှန်သမျှ ကိုတုံ့ပြန်ရန် အတွက် အပြည့်အဝ ပြင်ဆင်ထား ပြီးဖြစ်ကြောင်း နှင့်အီရန်နိုင်ငံ၏ ငြိမ်းချမ်းစွာ အသုံးပြုမည့် နျူကလီးယား အစီအစဉ် အပေါ်မဟုတ် မမှန်သတင်း လွှင့်နေပြီး အီရန်နိုင်ငံ ကိုရန်မူနေကြောင်း ဗာဟီဒီက ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်