Thursday, August 09, 2012

နီပေါသမ္မတသည် ခေတ္တကြည်းတပ်ဦးစီးချုပ်အား ရွေးချယ်ခန့်အပ်ခဲ့ခြင်း

Posted by drmyochit Thursday, August 09, 2012, under | No comments



နီပေါသမ္မတ ရမ်ဘာရန်ယာဒက်သည် ခေတ္တကြည်း တပ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဂေါရဗ်ချွန်ရှာဂျန် ဂါဘဟာဒါရာနာအား သြဂုတ်လ ၈ ရက်နေ့တွင် ရွေးချယ် ခန့်အပ်ခဲ့ကြောင်း သတင်းတစ်ရပ် အရသိရှိ ရပါသည်။ သမ္မတသည် အစိုးရအဖွဲ့ ၏အကြံပြု ချက်ဖြင့် ရာနာကို ခေတ္တကြည်း တပ်ဦးစီးချုပ် အဖြစ်ခန့်အပ်ရန် တရားဝင် ဆုံးဖြတ်ရွေးချယ်ခဲ့ ခြင်းဖြစ်ကြောင်း သမ္မတ၏ သတင်းထုတ်ပြန် ရေးအကြံပေး ရာဂျန်ဒရာဒါဟယ်က ပြောကြားခဲ့ပါသည်။ သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပပြု လုပ်ခဲ့သော အစိုးရအဖွဲ့ အစည်းအဝေး တစ်ရပ်တွင် အစိုးရအဖွဲ့သည် ခေတ္တကြည်း တပ်ဦးစီးချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာနာကို ရွေးချယ်ခန့် အပ်ရေးသမ္မတကို အကြံပြုခဲ့ပါသည်။ လက်ရှိ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချဟတ်ထရာမန်ဆင်းဂူရန်း သည်စက်တင်ဘာလတွင် အငြိမ်းစား ယူမည်ဖြစ်ကြောင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာနာသည် ခေတ္တကြည်း တပ်ဦးစီးချုပ် တာဝန်ကို သြဂုတ်လ ၉ ရက်နေ့မှ စတင် ထမ်းဆောင်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်