Thursday, August 23, 2012

မလေးရှားနိုင်ငံက ဆီးရီးယားနိုင်ငံရှိသံရုံးအား ယာယီပိတ်သိမ်းခဲ့သည်ဟုဆို

Posted by drmyochit Thursday, August 23, 2012, under | No comments



မလေးရှားအစိုးရက ဆီးရီးယား နိုင်ငံတွင် ပဋိပက္ခဖြစ်ပွားမှု မြင့်တက်နေစဉ်အတွင်း ဆီးရီးယားနိုင်ငံရှိ သံရုံးအား ယာယီပိတ်သိမ်း ရန်ဆုံးဖြတ်ခဲ့ကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖာအာမန်က သြဂုတ်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။ ဆီးရီးယားနိုင်ငံတွင် နိုင်ငံသို့ပြန်ရန် ငြင်းဆိုနေသည့် မလေးရှားကျောင်းသား ၈ဦးရှိနေဆဲ ဖြစ်သဖြင့် အဆိုပါမလေးရှား သံရုံးအား လုံးဝပိတ်နိုင်ခြင်း မရှိသေးကြောင်း အနီဖာက ပြောကြားခဲ့ပါသည်။ အဆိုပါ ဆီးရီးယားနိုင်ငံရှိ မလေးရှားသံရုံးတွင် မှတ်ပုံတင်ထားသော မလေးရှားကျောင်းသား ၁၃ဝ ခန့်ရှိခဲ့ကြောင်းနှင့် အဆိုပါကျောင်းသား အများစုကို မလေးရှားနိုင်ငံသို့ ပြန်ပို့ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ကျောင်းသားများ အားလုံးကို နိုင်ငံသို့ ပြန်ပို့ပြီးပါက မလေးရှား အစိုးရအနေဖြင့် သံရုံးအားပိတ်ရန် စီစဉ်ထားပြီး ဖြစ်ပါသည်။လက်ရှိအချိန်တွင် ၄င်းတို့အနေဖြင့် သံရုံးအား မပိတ်နိုင်သေးကြောင်းနှင့် သံရုံးတာဝန်ရှိ သူများအနေဖြင့် ဆီးရီးယားနိုင်ငံ အတွင်းရှိ မလေးရှား နိုင်ငံသားများအား စီမံဆောင်ရွက်ပေးရန် လိုအပ်နေဆဲဖြစ်ကြောင်း အနီဖာက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်