Thursday, August 23, 2012

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် လစာနည်း ကွန်မြူနစ်စနစ်အတိုင်းသွားနေဆဲ

Posted by drmyochit Thursday, August 23, 2012, under | No comments


001-UWSA


တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် လူသူလက်နက် ငွေအင်အား အကြီးဆုံးဖြစ်သည့် ဝ ပြည်သွေး စည်းညီညွှတ် ရေး တပ်မတော်က တပ်ဖွဲ့ဝင်များအတွက် လစာများအား ကွန်မြူနစ်စနစ် အတိုင်းသွား နေဆဲဖြစ်ကြောင်း ကွန်မြူနစ်ပါတီ ဝင်ဟောင်းများ ကပြောသည်။ဝ တပ်ဖွဲ့ထဲ ကပေါ့နော်။ အောက်ခြေ တပ်သားကနေ တပ်ရင်းမှူးအထိ လစာကို တရုတ် ယွမ်ငွေ ၆၀ ယွမ် တန်းတူ ညီမျှပေး တယ်။ သို့ပေမယ့် ဝမ်းရေးအတွက် လုပ်ပိုင်ခွင့်တော့ ပေးထားတာပေါ့နော်။ အရင်းအနှီးအတွက် ငွေဆိုလဲချေးပေးတယ်။ ပစ်စည်းလဲ ထုတ်ပေးတယ်။ လုပ်ငန်းလည် ပတ်မှုရသွားပြီဆိုရင် အရင်းပြန်ဆပ်ရတယ် ဟု တာချီလိတ်ရောက် ကွန်မြူနစ် ဝန်ထမ်း ဟောင်းတဦး ကပြောသည်။
တပ်စုမှူး၊ တပ်ဖွဲ့မှူးတို့ကိုလည်း တာဝန်အလိုက် ဆိုင်ကယ်တစီး၊ လယ်ထွန်စက်တစီး၊ တပ်ရင်းမှူးကို ကားတစီး စသဖြင့် အဖြစ်ချီးမြှင့်သေး သည်ဟု ဆို၏။ မိသားစုဝင်ငွေ အတွက်လည်း တပ်ဖွဲ့မှ aငွကြေးချပေးကာ လုပ်ငန်းလည်ပတ် စေသကဲ့သို့ အကျိုး အမြတ် ရရှိလာပါက ချေးငွေများပြန်လည် ပေးဆပ်ရကြောင်း ထို့အတွက် USA  ဝ တပ်သားများ အတွင်း ပျော်ရွင်ကျေနပ် မှုရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။  ကူးသန်းရောင်းဝယ်ရေး ကုန်ပစ်စည်းတွေကိုလဲ ဌာနချုပ်မှာ တံဆိပ်တုန်းထု လက်မှတ်နဲ့ ထုတ်ယူပြီး သွားရောင်းခွင့်ပေးတယ်။ ဖမ်းမိပြုမိရင် ဌာနချုပ် တံဆိပ်ပါရင် အဲဒီပစ်စည်းတွေ ဌာနချုပ်ကို ဘဲပြန်ပို့တယ်။ ဌာနချုပ်က ထုတ်သွားတဲ့ ပိုင်ရှင်ထံ ကိုဘဲ ပြန်အပ်ပေးတယ်။ အဲဒီလို လုပ်ပိုင်ခွင့်ရှိတာ - ဟု မိုင်းပေါက်မှ ဝ အရာရှိငယ်တဦးက ပြောသည်။ မိုင်းလားတပ်ဖွဲ့ခေါ် NDAA-ESS တပ်ဖွဲ့အတွင်း၌မူ အခြေခံလစာ တရုတ်ယွမ်ငွေ ၂၅၀ မှ စတင် ကြောင်း မိုင်းလား တပ်ဖွဲ့ နှင့် နီးစပ်သူတဦး ကပြောသည်။ သူတို့ကို အဲဒီစာထဲကနေ စားသောက်စရိတ် တဝက်ဖြတ်တယ်။ ၁၂၅ ယွမ် လောက်ရတယ်။ ကျနော်တို့ လူကြီး ကတော့ အရင်နှစ်တုန်းက ကျနော်တို့ ကိုပြောဖူးတယ်။ တပ်သားတွေ ကဒါတွေကို ပေးဖို့လစာမ ရှိခဲ့ရင်တောင် လူကြီးကိုယ်တိုင် နိုင်ငံခြားထွက် အလုပ်လုပ်ပြီး ရှာမယ် - လို့ပြောတယ် - ဟု အဆိုပါ ကေဒါဟောင်းကပြောသည်။ သျှမ်းပြည်တပ်မတော် တောင်ပိုင်း၌မူ စေတနာ့ဝန်ထမ်း တပ်သားများတဦးလျင် ကျပ်ငွေ၁၀၀၀၀ (ထိုင်းနယ်စပ်နေတပ် သား များအတွက် ကျပ်တသောင်း နှင့်ညီမျှသော ဘတ်ငွေ ၃၉၀) နှင့် အမြဲတမ်း ဝန်ထမ်း အောက်ခြေတပ်သား များအတွက် ကျပ်ငွေ ၁၂၀၀၀ (နယ်စပ်နေသူများ ၎င်းင်းငွပေမာဏ နှင့် တူညီသော ထိုင်းဘတ်ငွေ၄၆၈)အပြင် အဆင့်ဆင့် ရာထူးတက် သွားပါက ကျပ် ငွေ ၂၀၀၀ စီတိုးမြင့် ပေးဆောင်ကြောင်း သျှမ်းပြည်တပ်မတော်အကြီးအကဲတဦးကပြောသည်။
သူတို့တွေ ဒီလစာအပြင် တာဝန်အလိုက် ဆုကြေးတွေလည်း ရှိသေးတယ် ဟု အဆိုပါအကြီး အကဲကပြောသည်။ မြန်အမာအစိုးရ စစ်တပ်မှာမူ စစ်လေ့ကျင့်ရေးကျောင်း ၂ နှစ်ပြီးဆုံးပါက အရည်အချင်းအလိုက် ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး ရာထူးရမည်ဖြစ်ပြီး အခြေခံ  လစာမှာ ကျပ် ၁ သိန်း ခွဲအနည်းဆုံးရှိကြောင်း၊ ဗိုလ်ကြီးတဦး လာစာမှာ လစာ မှာ တသိန်းခွဲနှင့် အထက်ရှိကြောင်း၊  ဗိုလ်မှူးမှာမူ ကျပ်နှစ်သိန်း ဝန်းကျင်ရှိကြောင်း၊  ထို့ထက်ကြီးသည့် အရာရှိများလည်း ကျပ် နှစ်သိန်းအထက် လခကောင်းကြောင်း တပ်မတော် အသိုင်းအဝိုင်းက ပြောပါသည်။ မည်သို့ပင်ဆိုစေ အိမ်နီးချင်း တိုင်းပြည်များ၏ အစိုးရ ပညာရေး ဝန်ထမ်းများမှာ မြန်မာ့ပညာရေးဝန် ထမ်းများထက် လစာ ၇ ဆ ပိုများနေသည်ဟု မောက်ခပညာရေးသတင်း က ရေးသားပါသည်။          

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်