Thursday, August 23, 2012

Posted by drmyochit Thursday, August 23, 2012, under | No comments



ကမ္ဘာ့ စီးပွားရေး ဒုတိယ အကြီးဆုံး နိုင်ငံဖြစ်လာသည့် တရုတ်နိုင်ငံတွင် ကျေးလက်နေ ပြည်သူ များ၏ ဝင်ငွေ မညီမျှမှုမှာ အန္တရာယ် ရှိသောအ ဆင့်နီးပါးသို့ ရောက်ရှိ လာကြောင်း CNA သတင်းတွင် ဖော်ပြ ထားသည်။ တရုတ် ကျေးလက် ဒေသ တွင် နေထိုင်သူ လူသန်းပေါင်း များစွာသည် လယ်ယာ လုပ်ငန်း ကို စွန့်လွှတ်ပြီး ဝင်ငွေ ပိုရသော မြို့ပြသို့ တက်ရောက်၍ အလုပ်လုပ်ကိုင် လျက်ရှိရာ ကျေးလက်နေ လယ်ယာ လုပ်သူနှင့် မြို့တက် အလုပ်လုပ်သူ တို့၏ဝင်ငွေမှာ အလွန် ကွာခြားလျက် ရှိသည်ဟု တရုတ် ကျေးလက် လေ့လာရေး စင်တာက ပြောကြားသည်။ တရုတ်တွင် မြို့တက်၍ အလုပ်လုပ်ကိုင် သူများ၏ ဝင်ငွေသည် ကျေးလက်နေ လယ်ယာလုပ်သူ တို့၏ဝင်ငွေထက် ၂ ဆခန့်ပိုမိုရရှိလျက်ရှိသည်။
ဝင်ငွေခွဲဝေမှု အခြေအနေကို တိုင်းတာသော ဂိနီညွှန်ကိန်း(Gini Coefficient)အရ ယမန်နှစ်က တရုတ်ကျေးလက် နေလူများ ဝင်ငွေခွဲဝေမှုမှာ ၀ ဒသမ ၃၉၄၉ ရှိရာ အန္တရာယ်ပေးနိုင် သောအခြေအ နေဖြစ်သည့် ၀ ဒဿမ ၄ နီးပါးသို့ ရောက်ရှိနေပြီဖြစ်သည်။ ဂီနီညွှန်ကိန်းအရ ဝင်ငွေခွဲဝေမှု မညီမျှမှုကို တွက်ချက်ရာတွင် သုည အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေ မှုအပြည့်အဝ ညီမျှသည်ဟု သတ်မှတ်ပြီး၊ ၁ အမှတ်တွင်ရှိပါက ဝင်ငွေခွဲဝေ မှုအပြည့်အဝ ညီမျှမှုမရှိဟု သတ်မှတ်သည်။ ယခုကဲ့သို့ လူများ၏ ဝင်ငွေရရှိမှု အကြီးအကျယ် ကွာဟနေခြင်း တို့ကြောင့် လူထုမကျေနပ်မှု၊မတည် ငြိမ်မှုကို ဖြစ်စေနိုင်ရာ တရုတ်အစိုးရ အတွက်စိုးရိမ်ဖွယ် ရာဖြစ်သည်။ တရုတ်တွင် ဝင်ငွေခွဲဝေမှုကွာ ဟချက်ကြီးမား နေခြ င်းကို စိုးရိမ်သောကြောင့် တရုတ်အစိုးရက တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဂိနီညွှန်ကိန်းကို မထုတ်ပြန်ခဲ့သည်မှာ ၁၀ နှစ်ကျော်ရှိသွားခဲ့ပြီဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်