Thursday, August 23, 2012

အောက်ခြေအဆင့် အလုပ်ကြမ်းများအား ရခိုင်အခြေခံလူတန်းစားများ ဝင်ရောက်လုပ်ကိုင်

Posted by drmyochit Thursday, August 23, 2012, under | No comments


394442 149410255196684 1972175705 n

 ရခိုင်ပြည်အတွင်း ဘင်္ဂလီ-ရခိုင် အဓိကရုဏ်း ဖြစ်ပြီးနောက်တွင် အောက်ခြေ အလုပ်ကြမ်း များအား ရခိုင်အခြေခံ လူတန်းစားများ ဝင်ရောက်လုပ် ကိုင်လျှက်ကြောင်း သိရသည်။ ယခင်က ရခိုင်အခြေခံ  အလုပ်သမားများ လုပ်မည့်နေ ရာများတွင် တစ်ဖက်နိုင်ငံမှ တရားမဝင်ကျူးကျော် ဝင်ရောက်လာသည့် ဘင်္ဂလီများက အောက်ခြေအဆင့် အလုပ်များကို နေရာယူ ဝင်ရောက်လုပ်ကိုင် ခဲ့သည့်အတွက် ဒေသခံ ရခိုင်များက နိုင်ငံရပ်ခြားသို့ သွားရောက် လုပ်ကိုင်ခဲ့ ကြရကြောင်း စစ်တွေ ဒေသခံများ မှလာသော သတင်းအရ သိရသည်။
" အဓိကရုဏ်းမဖြစ်မီတော့ စစ်တွေမြို့ အောက်ခြေလုပ်ငန်းတွေကို ဘင်္ဂလီတွေက နေရာယူထားတော့ ဒေသခံ ရခိုင် အောက်ခြေ အလုပ်သမားတွေအတွက် အလုပ်မရှိတော့ဘူး။ ဒီတော့ နိုင်ငံခြားတွေကို တရားဝင်ရော တရားမဝင်ပါ ထွက်ပြီး အလုပ်လုပ်နေကြရတယ်။ အခု ဘင်္ဂလီတွေကို ဒုက္ခသည်စခန်း မှာထားပြီး နေရာကန့်သတ် ထားလိုက်တဲ့အတွက် ဒေသခံ ရခိုင်အခြေခံ အလုပ်သမားတွေ နိုင်ငံခြားကို သွားစရာမလိုတော့ဘဲ ကိုယ့်မြို့ကိုယ့်ရွာမှာ အလုပ်လုပ်လို့ရတာပေါ့ " ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောသည်။
ဘင်္ဂလီများ၏ ကျူးကျော်ဝင်ရောက် နေရာယူထား ခြင်းကြောင့် အလုပ်လက်မဲ့ ဖြစ်နေသည့် ရခိုင် အခြေခံ အလုပ်သမားများမှာ ဆန်ပွဲရုံတန်း၊ သင်္ဘောဆိပ်၊ လှေဆိပ်၊ ဆိပ်ကမ်း၊ စစ်တွေ မြို့မဈေး၊ ကုန်တန်း ဝါးဆိပ်၊ ပန်းရံလုပ်ငန်း၊ အနှေးယာဉ် (ဆိုက္ကား) နှင့် တခြား အလုပ်ကြမ်းများတွင် ဝင်ရောက်လုပ်ကိုင် နေကြပြီ ဖြစ်ကြောင်း သိရသည်။ အခြေခံ အလုပ်သမားများ၏ တစ်ရက်တာ ပျမ်းမျှဝင်ငွေမှာ ကျပ်ငွေ ငါးထောင်နှင့် ခုနှစ်ထောင်ကြား ရရှိပြီး မိသားစုတစ်စု၏ တစ်ရက်တာ အသုံးစရိတ်ကို လုံလောက်စွာ သုံးစွဲနိုင်ကြောင်းနှင့် နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူတချို့လည်း ခရီးစဉ်အား ရပ်တန့်ထားကြောင်း သိရသည်။
" ကျနော်တို့ အယင်ဆိုရင် အလုပ်မရှိဘူး။ ဒီအောက်ခြေလုပ်ငန်းတွေကို ဘင်္ဂလီတွေက နေရာယူထားတယ်။ ဒီတော့ ကျနော်တို့မှာ အလုပ်မရှိဘူး၊ အလုပ်မရှိလို့ စိတ်လေလွင့်ရင် နိုင်ငံခြား ကိုထွက်ပြီး အောက်ခြေ လုပ်ငန်းတွေကို လုပ်ကြရတယ်။ အခုတော့ ဘင်္ဂလီတွေကို ဒုက္ခသည်စခန်းမှာ ထားတယ်ဆိုတော့ ကျနော်တို့ အလုပ်လုပ်လို့ ရတာပေါ့။ " ဟု စစ်တွေမြို့မဈေးမှ အခြေခံ အလုပ်ကြမ်းသမား တစ်ယောက်က ယခုကဲ့သို့ပြောသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်