Thursday, August 23, 2012

အမေရိကန်နိုင်ငံသည် အီရတ်နှင့်စစ်ရေးဆိုင်ရာဆက်ဆံမှုများခိုင်မာလာစေရေး မျှော်လင့်သည်ဟုဆို

Posted by drmyochit Thursday, August 23, 2012, under | No comments



အမေရိကန်တပ်ဖွဲ့များ အီရတ်မှ ဆုတ်ခွာသွားပြီးနောက် ၈ လအကြာတွင် အီရတ်နိုင်ငံသည် အမေရိကန် နှင့်စစ်ရေး ဆိုင်ရာဆက်ဆံ မှုများတိုးမြှင့်ရန် အသင့်ရှိနေသည့် အရိပ်လက္ခဏာ ပြသခဲ့ကြောင်း အမေရိကန်ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မာတင်ဒမ်ဆေးက အီရတ်နိုင်ငံ သို့အလည်အပတ် ခရီးမသွားရောက်မီ သြဂုတ်လ ၁၉ ရက်နေ့က ပြောကြားခဲ့သည်ဟု Newsnow သတင်းတစ်ရပ်အရ သိရှိရပါသည်။ ဗိုလ်ချုပ်ကြီးဒမ်ဆေးသည် အာဖဂန်နစ္စတန် တွင်ဆွေးနွေးမှု များပြုလုပ်ပြီးနောက် ယခုရက် သတ္တပတ်အတွင်း အီရတ်နိုင်ငံသို့ အလည်အပတ် ခရီးသွားရောက်မည်ဖြစ်ပြီး ၄င်း၏အလည်အပတ် ခရီးစဉ်သည် အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပြီးနောက် အီရတ်သို့ အလည်အပတ် ခရီးသွားရောက်မည့် အမေရိကန် စစ်ဘက်အဆင့်မြင့် ဆုံးအရာရှိကြီး တစ်ဦး၏ အလည်အပတ် ခရီးစဉ်လည်းဖြစ်ကြောင်း သိရှိရပါသည်။ အီရန်နိုင်ငံသည် အီရတ်နိုင်ငံတွင် ၄င်း၏သြဇာ လွှမ်းမိုးရန် ကြိုးပမ်းခဲ့သော်လည်း အီရတ်ခေါင်းဆောင်ပိုင်းသည် အမေရိကန် စစ်ဘက်နှင့် ဆက်ဆံရေးများ တိုးမြှင့်ရန် လိုလားခဲ့ကြောင်း၊ အီရတ်ကာကွယ်ရေး ဝန်ကြီးနှင့် စစ်ဘက်အကြီးအကဲတို့သည် အမေရိကန် စစ်ဘက်နှင့် စစ်ရေးလေ့ကျင့်မှု၊ အီရတ်စစ်ဘက် အရာရှိများအား လေ့ကျင့်ပေးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တို့ကိုလေ့လာ ခဲ့ကြကြောင်း ဗိုလ်ချုပ်ကြီး ဒမ်ဆေးက ပြောကြားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီးဒမ်ဆေး၏ အဆိုပါ အလည်အပတ် ခရီးစဉ်သည် အီရန်နိုင်ငံက ဆီးရီးယား အစိုးရအား အီရတ်မှတစ်ဆင့် လျှို့ဝှက် ဘဏ်စာရင်းမှ ငွေကြေးထောက်ပံ့ ပေးနိုင်ဖွယ်ရှိသည်ဟု အမေရိကန်နိုင်ငံ တွင်သတင်းထွက် ပေါ်နေစဉ် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်ကြီးဒမ်ဆေးက အဆိုပါသတင်းများ နှင့်ပတ်သက်၍ တိုက်ရိုက်မှတ် ချက်ပြုပြောကြား ခဲ့ခြင်းမရှိသော်လည်း အီရန်နိုင်ငံက ဆီးရီးယားနိုင်ငံ အပေါ်လွှမ်းမိုးမှုရှိ လာမည်ကိုစိုးရိမ် ပူပန်ကြောင်း ပြောကြားခဲ့ပါသည်။ အီရန်နိုင်ငံသည် ဆီးရီးယားရှိ ၄င်း၏မဟာမိတ် အစိုးရပြုတ်ကျခဲ့ပါက အီရတ်တွင် ၄င်း၏သြဇာ လွှမ်းမိုးမှုခိုင်မာစေ ရန်ကြိုးပမ်းလာနိုင်ကြောင်း ဗိုလ်ချုပ်ကြီးဒမ်ဆေးက ကြိုတင်ခန့်မှန်း ပြောကြားခဲ့သည် ဟုသိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်