Thursday, August 23, 2012

အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် Diaoyu ကျွန်းစုများအနီးတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်သွားမည်ဟုဆို

Posted by drmyochit Thursday, August 23, 2012, under | No comments



ဒေသတွင်း၌ တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့သည် စစ်ရေးနှင့် ကာကွယ်ရေး ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အနောက်ပစိဖိတ် ဒေသတွင်သြဂုတ်လ ၂၁ ရက်နေ့မှစတင်၍ ပူးတွဲစစ်ရေး လေ့ကျင့်မှုပြုလုပ်သွား မည်ဖြစ်ကြောင်း ဂျပန်နေ့စဉ်သတင်းစာ Sankei Shimbun ကဖော်ပြခဲ့သည်ဟု Xinhua သတင်းတစ်ရပ် အရသိရှိရပါသည်။ အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းအား စက်တင်ဘာလ ၂၆ ရက်နေ့အထိပြုလုပ် သွားမည်ဖြစ်ပြီး ဂျပန်ကိုယ်ပိုင် ကာကွယ်ရေး မြေပြင်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၄ဝဦးနှင့် အိုကီနာဝါ အခြေစိုက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ ပါဝင်လေ့ကျင့်မည် ဖြစ်ပါသည်။ အဆိုပါမရိန်း တပ်ဖွဲ့ဝင်များသည် ကီလိုမီတာ ၂ဝဝဝ(၁၂၅ဝ မိုင်) ကွာဝေးသော မြောက်ပိုင်း Marianas ကမ်းလွန်ရှိ Tinian ကျွန်းစုသို့ အမေရိကန် ရေတပ်သင်္ဘော တစ်စီးဖြင့်ထွက်ခွာ ကြမည်ဖြစ်ပါသည်။ ၄င်းတို့သည် အဆိုပါ ပူးတွဲစစ်ရေး လေ့ကျင့်ခန်းတွင် ရဟတ်ယာဉ်များ နှင့်သင်္ဘောများကို အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ ဂျပန်အစိုးရအနေဖြင့် အဆိုပါ လေ့ကျင့်ရေးနယ်မြေရှိ တရုတ်သင်္ဘောများ ကိုစောင့်ကြည့်ရန်အတွက် မောင်းသူမဲ့ ကင်းထောက် လေယာဉ်များ အသုံးပြုသွားရန် စီစဉ်ထားကြောင်း အပတ်စဉ်ထုတ် Nikkei စာစောင်တွင် ဖော်ပြထားပါသည်။ အဆိုပါ ကျွန်းစုများသည် တရုတ်နိုင်ငံ မင်မင်းဆက်လက်ထက် ကတည်းက ပိုင်ဆိုင်ခဲ့သည့် တရုတ် နိုင်ငံ၏ ပိုင်နက်နယ်မြေ များဖြစ်ကြောင်း၊ သို့ရာတွင် ၁၈၉၄ ခုနှစ်မှ ၁၈၉၅ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် တရုတ်-ဂျပန်စစ်ပွဲအတွင်း ဂျပန်နိုင်ငံက သိမ်းပိုက်ခဲ့ပြီး ဒုတိယကမ္ဘာ စစ်ပြီးဆုံးသည့် အချိန်အထိ ထိန်းသိမ်းထားခဲ့ကြောင်း သိရှိရပါသည်။ သို့ရာတွင် အဆိုပါ ကျွန်းစုများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်း မရှိကြောင်း၊၁၉၅၁ ခုနှစ်က ဂျပန်နှင့် အမေရိကန်နိုင်ငံ တို့အကြား လက်မှတ်ရေးထိုးခဲ့ သည့်သဘော တူညီချက်အရ Ryukyu ဇုန်အား အမေရိကန်နိုင်ငံက ထိန်းချုပ်ရန်ခွဲဝေ သတ်မှတ်ခဲ့ကြောင်းနှင့် အဆိုပါ သဘောတူညီချက် အားတရုတ်အစိုးရက မည်သည့်အခါမျှ လက်သင့်ခံမည် မဟုတ်ဟု ထုတ်ပြန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်