Thursday, August 23, 2012

ထိုင်းဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ စက်တင်ဘာတွင်လာရောက်မည်

Posted by drmyochit Thursday, August 23, 2012, under | No comments



ထိုင်းနိုင်ငံ ၀န်ကြီးချုပ် မစ္စယင်လပ်ရှင် နာဝပ်သည် မြန်မာနိုင်ငံသို့ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်သော ကိစ္စများ ဆက်လက် ဆွေးနွေးရန်နှင့် နှစ်နိုင်ငံ သဘောတူထား သည့် ကတိက ၀တ်များကို ဆက်လက် ဆွေးနွေးရန် စက်တင်ဘာလ အတွင်းလာ ရောက်မည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် ကိုကိုးကား ကာသည် နေရှင်းသတင်းစာ ကဖော်ပြသည်။မြန်မာနိုင်ငံ ၊နေပြည်တော် သို့နှစ်ရက်တာလာ ရောက်မည်ဖြစ်ပြီး ရက်အတိအကျကို မူပြောဆိုထား ခြင်းမရှိသေးပေ။ ဇူလိုင်လ အတွင်း ကထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း နှစ်ဦးသဘော တူခဲ့သည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်သည့် သဘော တူညီချက် ၃ရပ်၏ နောက်ဆက်တွဲ ကိစ္စရပ်များ ဆွေးနွေး သွားမည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာနကသတင်း ထုတ်ပြန်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်