Thursday, August 23, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးနေ

Posted by drmyochit Thursday, August 23, 2012, under | No comments



နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေး နေကြကြောင်း သတင်းရရှိပါသည်။  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေး နေကြကြောင်း သတင်းရရှိပါသည်။ “လွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်ဟု သတ်မှတ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွတ်ခြင်းမရှိ” ဟူသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဖြေရှင်းရန် နည်းလမ်း အငြင်းပွား နေမှုအပေါ် ဆွေးနွေး နေကြခြင်း ဖြစ်သည်ဟု လွှတ်တော်ရုံး အဖွဲ့တာဝန်ရှိသူ တစ်ဦးကပြောသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ပယ်ပျက်နိုင်ရန် နိုင်ငံတော် သမ္မတက အခြေခံဥပဒေကို ပြင်ဆင်သည့်နည်းလမ်း သုံးစွဲစေလိုကြောင်း ပြောကြားထားပြီး ပြည်သူ့လွှတ်တော်က ခုံရုံးအဖွဲ့ကို စွပ်စွဲပြစ်တင် ခြင်းနည်းလမ်း ဖြင့်ဆောင်ရွက်မည်ဟု ပြောကြားထားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်