Thursday, August 23, 2012

အစ္စရေးကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံဆက်ဆံရေးပြန်လည်ရင်ကြားစေ့ရေးအတွက် တူရကီနိုင်ငံသို့ လျှို့ဝှက်စွာသွားရောက်လည်ပတ်ခဲ့ခြင်း

Posted by drmyochit Thursday, August 23, 2012, under | No comments



အစ္စရေးပါလီမန် အမတ်များနှင့် ခရစ်ယာန် ဘာသာရေး အသင်းဝင်များသည် ပျက်ပြားနေသော နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ရင်ကြား စေ့ရေးကြိုးပမ်း သည့်အနေဖြင့် လွန်ခဲ့သော ရက်သတ္တပတ်က တူရကီနိုင်ငံသို့ လျှို့ဝှက်စွာ သွားရောက်လည် ပတ်ခဲ့ကြောင်း Yedhioth Ahronot နေ့စဉ်သတင်းစာက သြဂုတ်လ ၁၉ ရက်နေ့တွင် ဖြော်ပခဲ့ ကြောင်းသိရှိ ပါသည။် တူရကီဘာသာရေး အဖွဲ့အစည်းက ကိုဖိတ်ကြားခဲ့ ခြင်းဖြစ်ပြီး ၄င်းကိုယ်စား လှယ်အဖွဲ့တွင် ခရစ်ယာန်ဘာသာ ရေးအသင်းဝင်များ၊ ဘဏ္ဍာရေး ဒုတိယဝန်ကြီး Yithzak Cohen ၊ ပါလီမန်အမတ် Nissim Ze'ev နှင့် ဥရောပဒေသမှ ပါမောက္ခများ နှင့်ဘာသာရေး ခေါင်းဆောင်များ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။ အစ္စရေး-တူရကီ ဆက်ဆံရေးသည် ၂ဝ၁ဝ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ဂါဇာဒေသကို သွားရောက်သည့် တူရကီနိုင်ငံသား အစ္စရေးဆန့်ကျင်ရေးသမားများ ကိုသယ်ဆောင်လာသော Mavi Marmara သင်္ဘောဦးဆောင်သည့် ရေယာဉ်စုကို အစ္စရေးစစ်သည်များ ကတိုက်ခိုက်ခဲ့ရာမှ တူရကီနိုင်ငံသား ၉ ဦးသေဆုံး သွားခဲ့ပြီးနောက်ပိုင်း ပျက်ပြားခဲ့ပါသည်။ အစ္စရေး ကိုယ်စားလှယ်အဖွဲ့သည် တူရကီ တာဝန်ရှိသူများ၊ ပါလီမန်အမတ်များ နှင့်တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းနှင့် အဆိုပါ ဆွေးနွေးပွဲများတွင် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံမှုပြန်လည်စတင် ရေးကိစ္စရပ်များနှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ အစ္စရေးနိုင်ငံက Marmara ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်းပန်မှု မပြုလုပ်နိုင်ကြောင်း ပြောကြား ထားသော်လည်း တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သော တူရကီနိုင်ငံသားများ ၏မိသားစုများကို ဝမ်းနည်းစကား ပြောကြားရန်နှင့် လျော်ကြေးငွေ ပေးအပ်ရန်ဆန္ဒရှိ နေကြောင်း အဆိုပါသတင်းစာ ကဖော်ပြခဲ့သည်ဟု သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်