Thursday, August 23, 2012

ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအား အစားထိုးခန့်အပ်ရန် စီစဉ်လျက်ရှိသည်ဟုဆို

Posted by drmyochit Thursday, August 23, 2012, under | No comments


အရှေ့တရုတ်ပင်လယ် အတွင်းရှိကျွန်းစုများ အရေးနှင့်ပတ်သက်၍ တင်းမာမှု များမြင့်တက် လျက်ရှိစဉ် ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံ ဆိုင်ရာ၎င်း၏ သံအမတ်ကြီးအား အစားထိုး ခန့်အပ်ရန် စီစဉ်ထားကြောင်းနှင့် အောက်တိုဘာလတွင် အစားထိုးခန့်အပ် သွားနိုင်ဖွယ်ရှိကြောင်း ဂျပန် Yomiuri Shimbun နေ့စဉ် သတင်းစာက သြဂုတ်လ ၁၉ ရက်နေ့တွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။ ဂျပန်နိုင်ငံ တိုကျိုမြို့ပြ အုပ်ချုပ်ရေးအဖွဲ့က အဆိုပါ ကျွန်းစုများကို ဝယ်ယူရန်ကြိုးပမ်းမှုသည် တရုတ်နှင့် ဂျပန်နိုင်ငံတို့အကြား ကြီးမား သောပဋိပက္ခ အသွင်ဖြစ်လာ စေနိုင်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ယူချီရိုနီဝါ ကဇွန်လအတွင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ အဆိုပါ ကျွန်းစုများသည် ဂျပန်နိုင်ငံ၏ ပိုင်နက်နယ်မြေ ဖြစ်သည်ဟူသော ဂျပန်နိုင်ငံ၏ ရပ်တည်ချက် သဘောထားကို မှားယွင်းစွာ ပြောကြားခဲ့သည့်အတွက် ရာထူးမှ နုတ်ထွက်ပေးရန် အာဏာရပါတီ နှင့်အတိုက်အခံ ပါတီများက ယူချီရိုနီဝါအား ဖိအားပေးလျက် ရှိကြပါသည်။ ၄င်းကျွန်းစုများအား ဂျပန်နိုင်ငံက ဆန်ကာကူ ဟုခေါ်ဆိုပြီး တရုတ်နိုင်ငံက ဒိုင်အိုယုကျွန်းစုများ ဟုခေါ်ဆိုကြပါသည်။ လက်ရှိကျင်းပပြုလုပ် နေသောဂျပန်လွှတ်တော် အစည်းအဝေးများသည် စက်တင်ဘာလ ၈ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးများ ပြီးဆုံးပြီးနောက် နီဝါအားရာထူးမှ ဖယ်ရှားနိုင်ဖွယ် ရှိကြောင်းYomiuri Shimbun နေ့စဉ် သတင်းစာက ထပ်လောင်း ဖော်ပြခဲ့ပါသည်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် နီဝါ၏နေရာတွင် ရှီနီချီနီရှီမီယာ အားအစား ထိုးခန့်အပ်သွားရန် စီစဉ်လျက်ရှိပါသည်။ နီရှီမီယာသည် စီးပွားရေးဆိုင်ရာ နိုင်ငံခြားရေး ဒုတိယဝန်ကြီးဖြစ်ပြီး တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် အမေရိကန်နိုင်ငံဆိုင်ရာ ဂျပန်ကောင်စစ်ဝန်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်