Thursday, August 23, 2012

အမေရိကန် လုပ်ငန်းရှင်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စောင့်မျှော်

Posted by drmyochit Thursday, August 23, 2012, under | No comments



မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသ စ်ကို စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေကြေကြာင်း အမေရိကန် စီးပွားရေးလုပ် င န်း ရှင်များက သြဂုတ်လ တတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ပြောကြား သွားသည်။“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို စိတ်ဝင်စားစွာနဲ့ စောင့်ကြ ည့်နေပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါက ကျနော်တို့ အတွက်လည်း အရမ်းအရေးကြီးပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံလိုတဲ့ ကျနော်တို့ ကုမ္ပဏီတွေ အနေနဲ့လည်း ဘယ်လောက် အတိုင်းအတာထိ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပြုမယ်ဆိုတာ သိနိုင်မှာပါ” ဟု အမေရိကန် စီးပွားရေးလုပ်ငန်းရှင် မစ္စတာ စီအေမွန်ခမ် က ပြောသည်။ စင်္ကာပူနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး နှင့်အတူ  စင်္ကာပူနိုင်ငံမှ ထိပ်တန်း အမေရိကန် စီးပွားရေး လုပ်ငန်းရှင် ၂ဝ ဦး မြန်မာနိုင်ငံသို့ လာရောက်စဉ် သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။ သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ် လည်း တက်ရောက်ခဲ့သည်။
ထိုခရီးစဉ်တွင် Ford မော်တော်ကား ကုမ္ပဏီ၊ စက်ယန္တရား ယားကြီးများ ထုတ်လုပ်သော Caterpillar ကုမ္ပဏီ၊ Hewlet Packard  ကော်ပိုရေးရှင်း၊ Citibank၊ Kraft Foods၊ GE Energy၊ Bell Helicopetr၊  Arrow Technologies Pte Ltd အစရှိသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ လိုက်ပါခဲ့ပြီး ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါအဝင် အစိုးရအဖွဲ့ ဝင်များနှင့် တွေ့ဆုံဆွေးနွေး သွားကြသည်။ ၂ဝ၁၂ ခုနှစ်အတွင်း အမေရိကန်စီးပွား ရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ခဲ့ပြီး ဇွန်လအတွင်းက General Electric ကုမ္ပဏီက ပန်းလှိုင်ဆေးရုံသို့ ဒေါ်လာ နှစ်သန်း တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ ရောင်းချရန် သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည်။
“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေးတွေထဲမှာ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုရဲ့ တိုးတက်ရေး အဆင့်တွေမှာ ပူးပေါင်းဆောင် ရွက်ချင်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးငန်း လုပ်ကိုင်ဖို့က ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးသလို စိန်ခေါ်မှုတွေလည်း ပါလာပါတယ်။ မြန်မာနိုင်ငံမှာ အပေါ်အမေရိ ကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ လျှော့ချပေး လိုက်တဲ့အတွက် မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်တယ်။ ဒါပေမယ့် ရင်းနှီမြှုပ်နှံမှု ဥပဒေ ထွက်လာ ဖို့ကိုလည်း စောင့်ကြည့်နေပါတယ်” ဟု Capterpillar ကုမ္ပဏီ၏ အာရှဆိုင်ရာ ဥက္ကဋ္ဌ Mr Kevin Tienemen  က ပြောသည်။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဦးစိုးသိမ်းကလည်း လာမည့် သီတင်းပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် ထွက်ရှိလာဖွယ်ရှိကြောင်း ဗီအိုအေ ရုပ်မြင်သံကြား မြန်မာပိုင်းအစီအစဉ်သို့ ပြောကြားသွားသည်။
 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသောလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကြောင့် မြန်မာနိုင်ငံသို့ လာရောက် ရင်နှီးမြှုပ်နှံလိုသည့် နိုင်ငံ အများအပြား ရှိနေသည်။ ထိုသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ လာရောက် လုပ်ကိုင်ခြင်းသည် ယခုကဲ့သို့ ပြုပြင်ပြောင်လဲမှု ဖော်ဆောင်နေသည့် အချိန်တွင်  အကောင်းဆုံး ဖြစ်ကြောင်း သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချယ် က ဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်