Thursday, August 23, 2012

မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်း ရေးဆွဲမှုကို ဂျပန်ကျွမ်းကျင် ပညာရှင်များဖြင့် စတင် ဆောင်ရွက်နေ

Posted by drmyochit Thursday, August 23, 2012, under | No comments




 မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း အတွက် ပြည်ပ ပညာရှင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်ပြီး လက်ရှိမှာ အဆိုပါ ပညာရှင် တွေဟာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၊ မြို့ပြ စီမံကိန်း ဌာနခွဲမှာ တာဝန် ထမ်းဆောင် လျက်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုကို JICA မှပညာရှင်နဲ့ ကျွမ်းကျင် ၀န်ထမ်း ၃၀ ခန့်က သြဂုတ်လ ဒုတိယပတ်က စတင် ဆောင်ရွက် နေတာ ဖြစ်ပါတယ်။
ဒီလို စီမံကိန်း ရေးဆွဲရာမှာ အပိုင်းလိုက် သက်ဆိုင်ရာ စီမံချက်များနဲ့ရေးဆွဲ သွားမှာ ဖြစ်ပြီး ပထမအဆင့် ရေးဆွဲမှု အနေနဲ့ ကိုးလကြာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အဆိုပါ မဟာ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းနဲ့ ပတ်သက်တဲ့ ပူးပေါင်း ဆောင်ရွက်မှု MoU လက်မှတ် ရေးထိုးမှုကို မေလ ၁ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်နဲ့ JICA မြန်မာ ရုံးခွဲမှ ဌာနေ ကိုယ်စားလှယ် တို့မှ လက်မှတ် ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု စီမံကိန်းကို စီမံချက် ၆ ခုနဲ့ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာ မှာတော့ ဓာတ်အား ဖြန့်ဖြူးရေး ကဏ္ဍ စီမံချက်၊ မြို့ပြ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ စီမံရေး၊ ရေဆိုးစနစ် ကောင်းမွန်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေးနဲ့ သောက်သုံးရေ ပြည့်ဝစွာ ရရှိရေး အစရှိတာတွေ ပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် သီလ၀ါ စီးပွားရေး အထူးဇုန် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ရန်ကုန် အပြည်ပြည် ဆိုင်ရာ ပင်လယ်ကူး သင်္ဘော ဆိပ်ကမ်းများ ဖွံ့ဖြိုး တိုးတက်ရေး များကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်