Monday, October 01, 2012

တစ်ခန်းတည်းနေ သူငယ်ချင်းနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

Posted by drmyochit Monday, October 01, 2012, under | No comments


 တစ်ခန်းတည်းနေ သူငယ်ချင်းနှစ်ဦး စကားများရန်ဖြစ်ရာမှ လူသတ်မှုတစ်ခု တာမွေမြို့နယ်တွင် ဖြစ်ပွား ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ၂၀၁၂ခုနှစ်၊ စက်တင်ဘာ လ ၂၉ရက်နေ့၊ နံနက် ၃နာရီ ၂၀မိနစ်အချိန်တွင် အမှတ် ၁၅၈၊ ၅လွှာ(ခ)၊ ကျိုက္ကဆံလမ်း၊ ပျားရည်ကုန်းရပ်ကွက်၊ တာမွေမြို့နယ်တွင် လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းအရ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ရန်နိုင်ဝင်း၊ ၂၅နှစ် ၊ Golden Hill Tower  အ၀တ်လျော်ခန်းဝန်ထမ်း၊ အမှတ် ၁၅၈၊ ၅လွှာ(ခ)၊ ကျိုက္ကဆံလမ်း၊ ပျားရည်
ကုန်းရပ်ကွက်၊ တာမွေမြို့နယ် နေသူဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ရန်နိုင်ဝင်း၊ ၂၅ နှစ်၊ Golden Hill Tower  အ၀တ်လျော်ဝန်ထမ်းသည် သူငယ်ချင်းများနှင့်အတူ အဆိုပါတိုက်ခန်းတွင် အတူငှားရမ်း နေထိုင်သူများဖြစ်ပြီး  Golden Hill Tower တွင် ၀န်ထမ်းများအဖြစ် လုပ်ကိုင်ကြသူများဖြစ်ကြောင်း၊ ကျူးလွန်သူ စည်သူအောင်၊ Golden Hill Tower  စားဖိုဆောင် ၀န်ထမ်းအဖြစ်လုပ်ကိုင်သူနှင့် ခင်မင်သူများဖြစ်သဖြင့် မကြာခဏ လာရောက်အိပ်လေ့ရှိကြောင်း၊

အခင်းဖြစ်ပွားခဲ့သည့် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ နံနက် ၃နာရီ ၂၀မိနစ်အချိန်ခန့်တွင် ဦးဝဏ္ဏစိုး၊ ၄၀နှစ်၊ Golden Hill Tower လုံခြုံရေးဝန်ထမ်းသည် နေအိမ်တိုက်ခန်းတွင် သူငယ်ချင်းဖြစ်သူ ကျော်ဇင်နှင့် အတူရှိနေစဉ် သူငယ်ချင်းဖြစ် သူ ရန်နိုင်ဝင်း၊ ၂၅နှစ်၊ Golden Hill Tower  အ၀တ်လျော်ဝန်ထမ်း၊ ရောက် ရှိလာပြီး အကျီချွတ်လျက် ဘောင်းဘီတိုဖြင့်အိပ်နေသည် ကိုတွေ့ပြီး ခဏ အကြာ စည်သူအောင်၊ Golden Hill Tower  စားဖိုဆောင်ဝန်ထမ်း ရောက်လာ၍ ဦးဝဏ္ဏစိုးမှ တံခါးဖွင့်ပေးခဲ့ပြီး  စည်သူအောင်မှာ ခေတ္တအိပ်နေခဲ့ကာ မိနစ်အနည်း ငယ်အကြာတွင် စည်သူအောင်မှ ''မင်းလူပါးဝနေတာ ကြာပြီ'' ဟုပြောဆိုကာ ပက်လက်အိပ်နေသည့် ရန်နိုင်ဝင်း အား အပေါ်မှခွကာ ဓားဖြင့် တစ်ချက်ထိုး လိုက်သည်ကို မြင်သဖြင့် ဦးဝဏ္ဏစိုးမှ ၀င်ရောက်ဟန့်တားရာ စည်သူအောင်သည် ထပ်မံ မထိုးဖြစ်တော့ဘဲ ဓားချကာ မီးဖိုခန်း ဘက်သို့ပြေးသွားပြီး ပုလင်း အား ယူရန်ပြုလုပ်သဖြင့် ဦးဝဏ္ဏစိုးမှ ၀င်ရောက်ဟန့်တားရာ စည်သူအောင်သည် အ၀တ် အိတ်အားယူကာ အိမ်ပေါ်မှ ပြေးဆင်းသွားကြောင်း၊ ဦးဝဏ္ဏစိုးမှ ရန်နိုင်ဝင်းအားကြည့်ရာ ၀ဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ် ရာတစ်ချက်ရရှိကာ သွေးထွက်နေပြီး ခဏအကြာတွင် ရန်နိုင်ဝင်းမှာ သေဆုံး သွားကြောင်း သိရှိရသည်။

အဆိုပါ လူသတ်မှုကျူးလွန်ခဲ့သူ စည်သူအောင်အား ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ ည ၇နာရီ ၃၀မိနစ် အချိန်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ ၄င်းနေထိုင်သည့် နေအိမ်မှ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ယင်းကဲ့သို့ စကားများရာ မှ လူသတ်မှုကျူး လွန်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်တန်းမှုအား တာမွေရဲစခန်း(ပ)၁၁၅၉ /၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်ပြီး အမှုစစ်မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

From: ရွှေမြန်မာမီဒီယာဂရု

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်