.jpg)
အမေရိကန် နိုင်ငံသားတစ်ဦးဟာ အိမ်နီးချင်း ခြံအတွင်းမှာ မိမိကိုယ်ကို ကာကွယ်တဲ့အနေနဲ့ မျက်နှာဖုံး စွပ်ထားသည့် ဆယ်ကျော်သက် တစ်ဦးအား အသေ ပစ်သတ်ခဲ့ပြီးနောက် ယင်းလူငယ်မှာ ၎င်း၏သား ဖြစ်နေမှန်း သိလိုက်ရကြောင်း အမေရိကန် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ဖခင်ဖြစ်သူသည် သားဖြစ်သူအား ညအချိန် ဖောက်ထွင်းရန် ကြိုးပမ်းသူအဖြစ် အထင်မှား၍ ပစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အသက် ၁၅ နှစ်အရွယ် Tyler Giuliano ဟာ ကွန်နက်တီကပ် ပြည်နယ်မှာ ကြာသပတေးနေ့ အစောပိုင်းက ပစ်သတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ အိမ်တွင် တစ်ဦးတည်း ရှိနေသည့် အမျိုးသမီးက သူမရဲ့ အိမ်ကို တစ်စုံတစ်ယောက် ဖောက်ထွင်းဖို့ ကြိုးစားနေတယ်လို့ ယူဆလို့ ဘေးချင်းကပ် အိမ်တွင်နေသည့် အဆိုပါ လူငယ်၏ ဖခင်ကို ဖုန်းဆက် အကူအညီတောင်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ယင်း ဖခင်ဖြစ်သူသည် သေနတ်ကိုင်၍ အိမ်ပြင်သို့ ထွက်လာသည့်အခါ အနက်ရောင် နှင်းလျှောစီး မျက်နှာဖုံးနှင့် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသူ တစ်ဦးနှင့် ရင်ဆိုင်တွေ့ခဲ့ပြီး အဆိုပါ အနက်ရောင် ပုဂ္ဂိုလ်က လက်ထဲတွင် ပြောင်လက်လက် လက်နက်တစ်ခုကို ကိုင်လျှက် ရှေ့တိုး လာသည့်အတွက် သေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည့်အခါ ဆယ်ကျော်သက် လူငယ်မှာ အမျိုးသမီး၏ အိမ်ရှေ့ အဝင် လမ်းပေါ်တွင် သေနတ် ဒဏ်ရာဖြင့် လဲကျနေပြီး ဖခင်ဖြစ်သူမှာ အနီးရှိ မြက်ခင်းပေါ်တွင် ငုတ်တုတ် ထိုင်နေခဲ့သည်။ လူငယ်အား ရဲတပ်ဖွဲ့က တွေ့ရှိချိန်တွင် ၎င်းမှာ သေဆုံးနေပြီ ဖြစ်ကြောင်းလည်း သိရသည်။ “အဖြစ်အပျက် အားလုံးဟာ ဝမ်းနည်းစရာပါပဲ” ဟု ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိ J. Paul Vance က ပြောကြားခဲ့ပြီး သေဆုံးသူ လူငယ်၏ ဖခင် Jeffrey Giuiliano ကမူ မေးမြန်းမှုများကို တုံ့ပြန်ဖြေကြားမှု မပြုခဲ့ပေ။ ယင်းအမှုကို မည်သို့မျှ စွဲချက်တင်ထားခြင်း မရှိသေးဘဲ ပြည်နယ် ရဲတပ်ဖွဲ့က ဆက်လက် စုံစမ်း စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment