Monday, October 01, 2012

ဆိုက်ဘာ ဥပဒေသစ်ကြောင့် ဖိလစ်ပိုင်ရှိ ဟက်ကာများ အစိုးရ ဆိုက်များကို တိုက်ခိုက်

Posted by drmyochit Monday, October 01, 2012, under | No comments



From : mrtv4

Anonymous Philippines ဟု အမည်ရသည့် ဟက်ကာအုပ်စု တစ်ခုမှာ ဖိလစ်ပိုင် နိုင်ငံရှိ အစိုးရ ဝက်ဘ်ဆိုက်များကို
တိုက်ခိုက်ခဲ့ကာ ယခုလ အစောပိုင်းက ဆိုက်ဘာပြစ်မှု ဥပဒေကို ပြဌာန်းလိုက် အပြီးတွင် လက်တုံ့ပြန်သည့် အနေဖြင့် ယခုလို လုပ်လိုက်ခြင်း ဖြစ်သည်။ ဟက်ကာများမှာ အစိုးရဆိုက်များ ဖြစ်သည့် ဗဟိုဘဏ်ဆိုက် ၊ မနီလာ ရေဝန်ဆောင်မှုနှင့် အခြားသော အေဂျင်စီများ၏ ဆိုက်စာမျက်နှာများတွင် အဆိုပါ ဥပဒေသစ်ကို ရှုတ်ချသည့် စာသားများ ရေးသား သွားခဲ့ကြောင်းလည်း သိရသည်။

ယင်းဥပဒေမှာ ပြည်သူများ၏ အခွင့်အရေးကို ချိုးဖောက်နေကြောင်း ရေးသားခဲ့သည်။ အဆိုပါ စာသားတွင် ဖိလစ်ပိုင် အစိုးရ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို သိသိသာသာ ထိခိုက်စေမည့် ဥပဒေကြမ်းကို ပြဌာန်းလိုက်ပြီ ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။ ယင်းဥပဒေသစ် အရ အသားရေဖျက်သည့် စာသားများကို အင်တာနက်မှ တစ်ဆင့် tweets, blogs သို့မဟုတ် Facebook စာမျက်နှာများထက်တွင် ဖော်ပြပါက မည်သူမဆို ထောင်ချခံရမည် ဖြစ်ကြောင်း သိရသည်။ အခြားသော ကန့်သတ်ချက်များ အဖြစ် ဆိုက်ဘာ လိင်မှုခင်းများ ၊ အွန်လိုင်း ကလေးသူငယ် ညစ်ညမ်းဇတ်ထုပ်များနှင့် ကွန်ပြူတာ စနစ်များသို့တရားမဝင် ဝင်ရောက်ခြင်းနှင့် အချက်အလက်များ ခိုးယူခြင်း တို့အတွက် အပြစ်ပေးမှုကို ခံကြရတော့မည် ဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်