Monday, October 01, 2012

မြောက်ပိုင်း ABSDFလူသတ်ပွဲ အကြောင်း တစေ့တစောင်း - ၃

Posted by drmyochit Monday, October 01, 2012, under | No comments


ရက်လောက်ကထင်ပါတယ်။အလံတိုင်ကုန်း(ထောင်ကုန်း)အပေါ်မှာပဲအသစ်ဆောက်ထားတဲ့တဲ(နောက်ပိုင်း ရင်းမှုး အောင်ဆွေဦး ရဲ.တဲ )ထဲမှာသတ်မည့်စာရင်းထဲထည့်သင့်မထည့်သင့်အပြီးသတ် ဆုံးဖြတ်ချက်အချခံရမဲ့ သူတွေကို သံချောင်းကခေါ်တွေ.ပါတယ်။ဘယ်နှစ်ယောက်ခေါ်တွေ.တာလည်းတော့အတိအကျမသိပါဘူး။ခေါ်ပြီးအမေးခံခဲ့ရသူတွေရေးကြပါအုံး။ ကျွန်တော်သိတာက ကျွန်တော်ရယ်၊ လှမြင့်ခေါ်ဇော်ကြီးရယ်၊ မောင်မောင်ကြွယ်ရယ်၊ကျွန်တော်ကစပါ. မယ်။

အိမ်ထဲဝင်သွားတာနဲ.သံချောင်းကအစောင့်တွေကို "ငါ ကိုညီနဲ.လွတ်လွတ်လပ်လပ် စကားပြောချင် တယ်ကွာ၊ မင်းတို.အပြင်ဘက် ထွက်ကြဆိုတာနဲ.စပါတယ်။ကော်ဖီတိုက် ပါတယ်။ဆေးလိပ်တိုက်ပါ တယ်။မီးဖိုဘေးမှာ ရေနွေးသောက်ပြီးဇိမ်နဲ.စကားပြောရတာပါ။သံချောင်းကမန္တလေးတက္ကသိုလ်ကအကြောင်းတွေကိုဟိုရောက်ဒီရောက်ပြောနေပြီးမှဇတ်ကနဲ. "ကိုညီညီ ခင်ဗျားထောက်လှမ်းရေး မဟုတ်မှန်းကျွန်တော် သိပါတယ်။ကျွန်တော်တို.ဗျာ တယောက်နဲ.တယောက်မန္တလေးမှာကတည်းကသိကြတာ…… ကျွန်တော် က CS မှားနေပြီ၊ကျွန်တော်က စစ်သားတယောက်ပါ၊မန္တလေးမှာ CS သိခဲ့တာဆိုတာ အပေါ်ယံပါ။ ကျွန်တော့်ဘဝအမှန် မဟုတ်ပါဘူး။အဲဒီ တုန်းကအရာရှိမဖြစ်သေးဘူးပေါ.ဗျာ။ သူက ခင်ဗျားမကြောက်ပါနဲ.၊လီမ်နေစရာမလိုပါဘူး။ကျွန်တော်ကိုအားလုံး ပြောလို.ရပါတယ်။ကျွန်တော်က "မဟုတ်ဘူး၊ CS ကိုရော ABSDF ကိုရော ကျွန်တောထပ်မညာချင်ပါဘူး။သူက ခင်ဗျားတို.တီးဝိုင်းအဖွဲ.ထဲက ခင်ဗျားထောက်လှမ်းရေးမှန်းဘယ်သူတွေသိသေးလဲ၊ ဘယ်သိမှာလည်းဗျာ ကျွန်တော့်အလုပ်ကိုကလျှို.ဝှက်အလုပ်ဥစ္စာ၊အားလုံးသိကုန်လို.ဘယ်ဖြစ်မှာလဲ၊ ဝင်းဗိုလ်ကခင်ဗျားအီမ်ဘေးတင်နေတာ သူရောမသိဘူးလား? 
မပြောတက်ဘူး၊ဒါပေမဲ့မသိနုင်ဘူးဗျ၊ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတာနဲ.တူတယ်။ဒီတော့သူက ဟုတ်ပြီလေ၊ ခင်ဗျား သူလျှိုတယောက်ဆိုရင်ပြီးတာပါဘဲ၊အေး မဟုတ်ပဲနဲ.ခံရတယ်ဆိုရင်တော့ပြောနော် ကျွန်တော်အကုန် လုပ်ပေးလို.ရတယ်။ပွင့်ပွင့်လင်းလင်းပြော၊လူတွေအများကြီးဖမ်းထားတာဆိုတော့တချို.မှားဖမ်းတာလည်းပါချင်ပါမှာပေါ.။တကယ်လို.ခင်ဗျားထောက်လှမ်းရေးမဟုတ်ရင်ကျနော်လွတ်ပေးလို.ရတယ်။ ကျွန်တော်က "မလုပ်ပါနဲ.ဗျာ-ကျွန်တော်ကျောင်းသားတပ်မတော်ကိုထပ်ပြီးမလီမ်ပါရစေတော့၊နောက် CS ကျွန်တော်ကိုခင်နေတာကို လည်းအခွင့်ကောင်းမယူချင်ပါဘူး။အခုလိုသဘောထားကြီးပြီးမသတ်ပဲထားတာကိုကကျေးဇူးကြီးလှပါပြီ။နောက်စကား တွေဆက်ပြောဖြစ်ကြပါသေးတယ်။နောက်ဆုံးပြန်ခါနီးပြောတဲ့စကားတွေကိုကြည့်ပါအုံး၊"ကဲ ကိုညီညီ ခင်ဗျားတကယ်ကိုရိုးသားတာသိရလို.ဝမ်းသာပါတယ်။ခင်ဗျားရိုးသားတော့အသက်ရှည်တာပေါ.ဗျာ; တဲ့ အဲဒီလီမ်လည်မှုက ကျွန်တော်အသက်နဲ.နောက်မန္တလေးကလိုက်လာပြီး AB ထဲမှာအကျယ်ချုပ်နဲ.နေ နေရတဲ့ကျွန်တော့်အကိုရဲ.အသက် လူ ၂ ယောက်ရဲ.အသက်ကိုကယ်ခဲ့ တာလို.ပြောလို.ရပါ တယ်။ဝန်မခံလို.ရိုက်သတ်ခံရတဲ့ အေးကျော်တို.၊ကျော်ဌေးတို.၊ပြည့်စိုးနိုင်တို.၊ခင်မောင်စိုးတို.၊အကြွေးတောင်းမိလို. ရင်ကျန်းထမင်းဆိုင်ကခေါ်လာပြီးအသတ်ခံခဲ့ရတဲ့ ရာကွက်ဘိုင်တို. ကိစ္စတွေကိုကြည့်ပါ။ ဝန်မခံလို.အသတ်ခံ ခဲ့ရတာပါ။နောက်ယုံပြီး DR နိုင်အောင်တို.ကိုအမှန်ပြောပြလို. အရိုက်ခံရတဲ့ ကိုသိန်းထွန်း အကြောင်းဖတ်ပြီး သားဖြစ်မှာပါ။သံချောင်းကျွန်တော့်ကိုစစ်သလိုမျိုး နိုင်အောင်နဲ.အောင်နိုင်တို. ကျွန်တော့်ကိုထပ်လုပ်ကြပါ သေးတယ်။အလကားနေရင်း သွေးဆာနေပြီးသတ်ရမဲ့အကွက်ချောင်းနေတဲ့သူတွေပါ။

ဇော်ကြီးအကြောင်းဆက်ပါမယ်။

ဇော်ကြီးက ထမင်းစားနေချိန်မှာ ကျွန်တော့်ကိုလာပြောပါတယ်။အစ်ကို "ကျွန်တော်လွတ်တော့မှာ" ဟေ ဘာလို.လဲ ကွ သံချောင်းကမေးတော့ ကျွန်တော်ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းအကုန်ဖွင့်ပြောလိုက်တယ်။သူက သေချာနားထောင်ပြီး မင်းကိုငါလွတ်ပေးမယ်။ဒါပေမဲ့ ၃-၄ ရက်လောက်တော့ဟန်မပျက် နေအုံးဆိုပြီးပြန်ပို.ထားတာ။ညနေကျတော့ မှားအဖမ်းခံရတဲ့ဇော်ကြီးဆိုတာမင်းလားကွဆိုပြီး အကွဲအပြဲ လာရိုက်သွား တာကြပါတယ်။ ၁၅ ယောက်အသတ်ခံရတဲ့အုပ်စုမှာပါသွားခဲ့ပါတယ်။

နောက်တယောက်က မောင်မောင်ကြွယ်

နောက်ရက်မှာ အိမ်သာသွားရင်းသူကပြောပါတယ်။အစ်ကိုရေ ဖြစ်ချင်ရာဖြစ်ဆိုပြီး သံချောင်းကိုအခြေအနေ အမှန်တွေကိုအကုန်ဖွင့်ပြောလိုက်တယ်။ကျွန်တော်မဟုတ်တဲ့အကြောင်းနဲ.ကျွန်တော်သိသမျှ ကျန်သူတွေလည်း တယောက်မှ ထောက်လှမ်းရေးမဟုတ်တဲ့အကြောင်းပြောပြလိုက်တယ်။တော်လှန်ရေးမသေစေချင်ရင် ဒီကိစ္စပြတ်အောင် ရှင်းပါလို.ပြောလိုက်တယ်။ မင်းကွာ မိုက်လိုက်တာ …မတတ်နိုင်ဘူး ကျွန်တော်လည်း စိတ်မထိန်းနိုင်လို. …..

မောင်မောင်ကြွယ် ၁၅ ယောက်ထဲမှာ အခုတ်ခံလိုက်ရပါတယ်။

ဒါဆိုရင် DR နိုင်အောင်တို.အုပ်စု ကျေနပ်အောင်နာမည်အမျိုးမျိုးနဲ. comment ဝင်ရေးနေတဲ့သူတွေ ၊ွ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို.အတွက် အဖြစ်မှန်ကို တိုက်ခိုက်နေသူတွေသိလောက်ပါပြီ။

ဆမား ညီညီ ၂၂-၆-၂၀၁၂

၈၈ ကျောင်းသားရဲဘော်ဟောင်းများ

(OSC)
From: Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်