Monday, October 01, 2012

ရုရှား လေတပ်သည် ၂ဝ၁၃ ခုနှစ်တွင် ခရုစ်ဒုံးပျံသစ် အား လက်ခံ ရရှိမည်ဟု ဆို

Posted by drmyochit Monday, October 01, 2012, under | No comments


  From  : မြဝတီ 


ရုရှား လေတပ်သည် သမားရိုးကျ ထိပ်ဖူးသယ်ဆောင် နိုင်ပြီးပစ်မှတ် များကိုတိကျစွာ ပစ်ခတ်နိုင်စွမ်း ရှိသည့် တာဝေးပစ် RadugaKh-101 ခရုစ်ဒုံးပျံသစ်ကို ၂ဝ၁၃ ခုနှစ်တွင် လက်ခံ ရရှိမည် ဖြစ်ကြောင်း ရုရှား လေတပ် က စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု Newsnow သတင်း တစ်ရပ်အရ သိရှိရပါသည်။
အဆိုပါ ပဲ့ထိန်း ဒုံးပျံသစ်သည် မြေပြင်မှ ၃ဝ ပေ(၁ဝ မီတာ) အမြင့်တွင် ပျံသန်းနိုင်စွမ်း ရှိပြီး တာဝေး ၆ဝဝဝ မိုင် (ကီလို မီတာ ၁ဝ,ဝဝဝ) အထိ ရောက်ရှိ ပစ်ခတ် နိုင်ကြောင်းနှင့် စမ်းသပ်မှုများ ပြုလုပ်လျက် ရှိကြောင်း ရုရှားလေတပ်က ပြောကြား ခဲ့ပါသည်။ လက်ရှိ အချိန်တွင် ရုရှားလေတပ်၏ ဗုံးကြဲလေယာဉ် များအား သမားရိုးကျ Kh-555 ခရုစ်ဒုံးပျံ တပ်ဆင်ထားပြီး ၎င်းဒုံးပျံများသည် မြေပြင်မှ ၇၅ ပေနှင့်ပေ ၉ဝ အကြား(၂၅ မီတာနှင့် မီတာ ၃ဝ အကြား) အမြင့်တွင် ပျံသန်းနိုင်စွမ်း ရှိပါသည်။ Raduga Kh-101 ပဲ့ထိန်းဒုံးပျံသစ် သည် ယာဉ်ကဲ့သို့သော ရွေ့လျားပစ်မှတ် ငယ်များကိုပါ ပစ်ခတ်နိုင်စွမ်း ရှိသည်ဟု ရုရှားလေတပ်က ပြောကြား ခဲ့ပါသည်။ ယခင် Kh-555 ပဲ့ထိန်းဒုံးပျံ၏ သယ်ဆောင် နိုင်သည့်ပမာဏမှာ ၄၄ဝ ပေါင်(၁၉၉.၅၈ ကီလိုဂရမ်) ရှိပြီး ပဲ့ထိန်းဒုံးပျံ သစ်သည် ၈၈ဝပေါင် (ကီလိုဂရမ် ၄ဝဝ) သယ်ဆောင် နိုင်ပါသည်။ ရုရှားနိုင်ငံ အနေဖြင့် ပြည်ပတွင် အခြေစိုက် စခန်းများ မရှိသောကြောင့် ဗုံးကြဲတိုက်လေယာဉ် အုပ်ကို အစောင့် အရှောက် အဖြစ် လိုက်ပါ ပေးသောတိုက်လေယာဉ်များ ထောက်ကူ ပေးနိုင်မည် မဟုတ်ရာ အဆိုပါတာဝေးပစ် ခရုစ်ဒုံးပျံ များသည် မရှိမဖြစ် လိုအပ်ကြောင်း ရုရှားလေတပ်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်