Monday, October 01, 2012

သေနတ်ကို မကြောက်၊ ကြည်ဆံ မှ ကြောက်သည့် လေးဂွ သမားများ

Posted by drmyochit Monday, October 01, 2012, under | No comments




ယခုလ ၂၇ ရက်နေ့က အင်းလေလံကိစ္စနှင့် ပတ်သက်၍ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်ရှားခဲရွာတွင် ဖြစ်ပွားသည့် အငြင်းပွားမှုနှင့် ရဲတပ်ဖွဲ့က ပစ်ခတ်မှုတို့ကြောင့် သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရသူ ၂ ဦးရှိသည်ဟု ပုသိမ်မြို့မှ ရရှိသည့် သတင်းအရ သိရသည်။

ယခုလ ၂၃ ရက်နေ့တွင် ဖြစ်ပွားသည့် အင်းဖျက်ဆီးမှုဖြင့် အမှုဖွင့်ထားခြင်းခံရသူ ၄ ဦးထဲမှ ကိုတလုပ် ခေါ် ကိုဝင်းနိုင်က တိမ်းရှောင်နေရာမှ ပြန်လည်ရောက်ရှိလာကာ အင်းဝန်ထမ်းတဦး၏ ဇနီးကို နေအိမ်ပေါ် တက်ရိုက်နှက်ခဲ့သည်ဟု ရှားခဲကျေးရွာသား တဦးက ပြောသည်။

အင်းဝန်ထမ်းဇနီးဖြစ်သူမှာ ဖူးရောင်ဒဏ်ရာရရှိသွားပြီးနောက် အင်းလေလံ ရထားသည့် ၀ိုင်းဝိုင်းလည် ငါးထုတ်လုပ်ရေး ကုမ္ပဏီမှ ၀န်ထမ်း ၂၀ ခန့်က ကိုဝင်းနိုင်ကို ၀ိုင်းဝန်းရိုက်နှက်ကြသဖြင့် ကိုဝင်းနိုင်မှာ သေဆုံးသွားခဲ့သည်ဟု ယင်းရွာသားက ပြောပြသည်။

ယင်းအဖြစ်အပျက် ဖြစ်ပြီးနောက် ကျေးရွာသို့ ရောက်ရှိလာသည့်  မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင် နှင့် လုံခြုံရေးရဲများကို ၎င်းတို့ ကျေးရွာသား သေဆုံးသွားသည်ကို မကျေနပ်ကြသည့် ရှားခဲရွာသား ၁၅၀ ခန့်က တုတ်၊ ဒါးများဖြင့် အကြမ်းဖက်ရန်ကြိုးစားခြင်းကြောင့် ရဲတပ်ဖွဲ့ အဖွဲ့ဝင် ၃၀ ဦးခန့်မှ ဝင်ရောက် တားဆီးရာ လူအင်အားခြင်းမမျှသဖြင့် ဒုတ်များ၊ လေးဂွ များ ကိုင်ဆောင်ထားသော ရွာသား ၁၅၀ ကျော်မှ ရဲတပ်ဖွဲ့ဝင်များကို အနီးကပ် ပစ်ခတ်ရန် ကြိုးစားခဲ့ကြသည်။

အခြေအနေကို ထိန်းသိမ်းရန်အတွက် ရဲတပ်ဖွဲ့မှ သေနတ် ကို မိုးပေါ်ထောင် ပြီး နှစ်ချက် ဖောက်ခဲ့သော်လည်း သေနတ်ကို မကြောက်၊ ကြည်ဆံ မှ ကြောက်သည့် လေးဂွ သမားများ က "မပစ်ရဲပါဘူးကွာ မိုးပေါ်ပဲထောင် ဖောက်ရဲတာပါ" ဟု ဆိုကာ အနီးကပ် လေးဂွနဲ့ ပစ်ခတ် ကြသဖြင့် ရဲတပ်ဖွဲ့ဝင်များက ကာကွယ် ပစ်ခတ်ရာတွင် ရွာသား ၁ ဦး  သေဆုံးကာ အခြားတဦမှာလည်း ဆေးရုံရောက် ပြီးနောက် သေဆုံးသွားရခြင်းဖြစ်သည်ဟု  ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။

သေဆုံးသွားသူ ၃ ဦးမှာ ကိုတလုပ်ခေါ် ကိုဝင်းနိုင်၊  ဦးကြည်သိန်း (၂၉ နှစ်) နှင့် ကိုကျော်စန်းဝေ (၂၃ နှစ်) တို့ဖြစ်သည်။  ဒဏ်ရာရသူ ၂ ဦးမှာမူ  ယမန်နေ့အထိ ပုသိမ်ဆေးရုံတွင် တင်ထားဆဲဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် မေလ၀န်းကျင်က ရှားခဲရွာမှ အင်းလေလံ ရရှိသည်ဟု နားလည်ထားရာမှ ငွေသွားပေးသွင်းသည့်အခါ ဧရာဝတီတိုင်း တိုင်းရင်းသားရေးရာ ၀န်ကြီးပိုင် ၀ိုင်းဝိုင်းလည် ငါးထုတ်လုပ်ရေးက သာ အင်းလေလံရရှိကြောင်း သိရှိခဲ့ရသည့် နောက် ကျေးရွာနှင့် ကုမ္ပဏီအကြား မကျေနပ်မှုများ တဖြည်းဖြည်း များပြားလာသည်ဟု ကျေးရွာသား များက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းနှင့် ပတ်သက်သည့် ဥပဒေအရ အင်းနှင့် ဆက်စပ်သည့် မိမိပိုင်လယ်မြေများရှိ ငါးကို လယ်ပိုင်ဆိုင်သူများ ဖမ်းဆီးခွင့်မရှိသည့် အချက်က အင်းလေလံရသူနှင့် လယ်လုပ်သူ ရွာသားများအကြား မကြာခဏ အငြင်းပွားမှု၊ လယ်ထဲတွင် ငါးဖမ်းသူများ အဖမ်းဆီးခံရမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း ကျေးရွာသားများက ပြောသည်။

ယခုအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ယမန်နေ့က ဧရာဝတီတိုင်း အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်၊ နယ်စပ်ရေးရာ ၀န်ကြီးနှင့် စိုက်ပျိုးရေးဝန်ကြီးတို့  ရှားခဲကျေးရွာသို့ သွားရောက်ခဲ့သည်ဟုလည်း သိရှိရသည်။
 
From: Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်