
မြို့ဧရိယာရပ်ကွက်ကြီး ၁၁ ရပ်ကွက် ကျေးရွာအုပ်စု ၄၇အုပ် စု၊ကျေးရွာပေါင်း ၂၁၀တွင် လူဦး ရေ(၁၂၂၄၆၇)ဦးတွင် မြို့နေ ၉၁၉၄ ဦး ကျေးလက်(၁၁၃၂၇၃)ဦးရှိပါ သည်။မြို့လူဦးရေနှင့်စာတိုက်ပုံး ထားရှိနှုန်းက အချိုးမကျ၊လွန်စွာ နည်းလှသည်။
ကောလင်းဆက်သွယ်ရေး စာတိုက်၌ စခန်းမှူး ဆသရ(၃)- ၁ဦး၊ဆသရ(၄)ဦး-၁ဥဦး၊ဆသရ(၅)-၄ဦးဖြင့်ဖွဲ့စည်း၍ စာဝေ စာမှတ်ပုံ တင်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။စာဝေဌာန ရပ်ကွက်ကလည်း ဘောင်ကျဉ်း နေပါ သည်။မြို့ပေါ်ရပ်ကွက်အား လုံး စည်ပင်နယ်နိမိတ်အားလုံးကို စာဝေငှနိုင်အောင် ၀န်ထမ်းအင် အားဖြည့်ပေးဖို့လို နေသည်ဟု သိ ရသည်။
ယခု ၂၀၁၁-၂၀၁၂ခုနှစ်တွင် ပြည်တွင်းပို့ခ ပြည်ပကျပ် ၅၀၀ထိ တိုးမြှင့်ကောက်ခံနေပါပြီ။အခွန် ထမ်းပြည်သူများ ဖက်ကလည်း စာမရေးချင်မရသဖြင့် စာတိုက် (ဆသရ)ကို အပြေးအလွှားအား ကိုးကြရသည်။
ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ပါမှ ပြည်သူလူထု၏ စီ့း ပွားရေးလိုအင်ဆန်္ဒ ၀န်ဆောင်မှု များဖြည့်စွမ်းနိုင်ပါမည်။
ဆက်သွယ်ရေး(ကြေးနန်း) မှ ဖက်စ် FAX တစ်ရွက် (A4) ကို နှစ်ရာကျပ်၊ (Legal ) တစ်စောင် ကို သုံးရာကျပ်ဖြင့် သတင်းများ ပေးပို့နေကြရာ တစ်ဖက်မှ လက်ခံ သောဌာန သတင်းစာတိုက်၊ ဂျာနယ်တိုက်၏ လက်ခံနိုင်မှု အခြေအနေအရ စောင့်ဆိုင်းနေ ကြရသည်။
အချိန်နှင့်တစ်ပြေးညီ စာပို့ လုပ်ငန်း ဖက်စ် Fax ၏၀န်ဆောင် မှုလုပ်ငန်းများ ထက်မြတ်သွက် လက်စေရန် သတင်းမီဒီယာများ က လိုလာနေပြီး ဆက်သွယ်ရေး လုပ်ငန်း ကျေးလက်ဒေသထိ ကွန်ယက်ဖြင့်ကျက်ဖို့လိုပြီ ဒေသခံ များက ပြောကြားသည်။
From: Myanmar Express
0 comments:
Post a Comment