Monday, October 01, 2012

သမ္မတဦးသိန်းစိန်ရန်ကုန်လေဆိပ်အရောက်တွင် လူထုဖြင့် ခမ်းနားစွာကြိုဆိုရန်စီစဉ်နေ

Posted by drmyochit Monday, October 01, 2012, under | No comments



 
From : Myanmar Express

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုမှမြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အောက်တိုဘာ ၁ရက်နံနက်တွင် ပြန်လည်ရောက်ရှိမည်ဖြစ်ရာ သမ္မတကြီးအား လူထုဖြင့် လှိုက်လှိုက်လှဲလှဲကြိုဆိုရန်စီစဉ်နေကြောင်း လူထုလူတန်းစားအဖွဲ့အစည်းများကပြောသည်။

“ ကျွန်တော်တို့မနက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သွားရောက်ကြိုဆိုကြမှာဖြစ်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုတွေ ထပ်မံဖြေလျော့အောင်ကြိုးစားပေးနိုင်ခဲ့တဲ့ သမ္မတကြီးရဲ့ အမေရိကန်ခရီးကို ဂုဏ်ပြုချင်လို့ပါ” ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ရန်ကုန်မီဒီယာသို့ဆက်သွယ်ပြောကြားသည်။

“လူအင်အား တစ်ထောင်နီးပါးလောက်တော့ရှိမယ်လို့ခန့်မှန်းထားပါတယ်။ သမ္မတကြီးဟာ နယူးယောက်မှာရှိတုနုး မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုပြန်လည်ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒါကြောင့်ကြိုဆို ကြပါမယ်။မည်သူမဆိုလာရောက် ကြိုဆိုကြဖို့လဲ တတ်နိုင်သမျှဆော်သြနေပါတယ်” ဟု အဆိုပါပုဂ္ဂိုလ်ကဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အောက်တိုဘာ ၁ရက်နံနက် ၉နာရီခွဲတွင် လေယာဉ်ဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာမည်ဖြစ်ကြောင်းသိရသည်။

သမ္မတဦးသိန်းစိန်သည် နယူးယောက်တွင်ရှိနေစဉ် ကုလသမဂ္ဂအစည်းအဝေးတွင်ထူးခြားသောမိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံရေးမှထင်ရှားသူများ၊အာရှလူ့အဖွဲ့အစည်း၊အမေရိကန်ရောက်မြန်မာများ၊မေရိကန်လုပ်ငန်းရှင်များစသည်တို့နှင့် ရင်းနှီးစွာတွေ့ဆုံးခဲ့သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်နှင့်တွှေု့ဆုံစဉ် အမေရိကန်က မြန်မာ့ပို့ကုန်များပိတ်ပင်ထားမှုရုပ်သိမ်းပေးမည့်ကတိက၀တ်များရရှိခဲ့သည်။

ထို့အပြင် အမေရိကန်သို့ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတကြီး တည်းခိုရာသို့လာရောက်ကာ ခေါင်းဆောင်နှစ်ဦး နွေးထွေးစွာတွေ့ဆုံခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်