Monday, October 01, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့်တွေ့ဆုံဆွေးနွေး

Posted by drmyochit Monday, October 01, 2012, under | No comments

From :  Myanmar Express


နေပြည်တော် စက်တင်ဘာ ၃၀
 
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ(၂၉)ရက် ဒေသစံတော်ချိန် နံနက်(၈)နာရီတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား နယူးယောက်မြို့ Sutton Place လမ်းရှိ ၄င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ နေအိမ်သို့ရောက်ရှိပြီး ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတအား အတွင်းရေးမှူးချုပ်က ခင်မင်ရင်းနှီး စွာ ကြိုဆိုနှုတ်ဆက်ပြီး ၄င်းနှင့် အတူ ကြိုဆိုကြသည့် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အတွင်းရေးမှူးချုပ်၏ အကြံပေးပုဂ္ဂိုလ် Mr. Joseph V. Reed ၊ လက်ထောက်အတွင်းရေးမှူးချုပ် နှင့် အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဘီဂျေနမ်ဘီးယား၊ နိုင်ငံရေးရာ လက်ထောက်အတွင်းရေးမှူးချုပ် Mr. Jeffery Feltman ၊ ကယ်ဆယ်ရေးနှင့် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ms. Valarie Amos ၊ လက်ထောက် အတွင်းရေးမှူး ချုပ် နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် အမှုဆောင်အရာရှိချုပ် Ms. Helen Clark ၊ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂလူဦးရေရန်ပုံငွေ အဖွဲ့ အမှုဆောင်ဒါရိုက်တာ Dr. Babatunde Ostimehin နှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး ဆိုင်ရာ ဒုတိယလက်ထောက် အတွင်းရေးမှူးချုပ် Ms. Judy Cheng Hopkins တို့နှင့် မိတ်ဆက်ပေးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မစ္စတာဘန်ကီမွန်းတို့သည် နံနက်စာကို အတူတကွသုံးဆောင်ကြပြီး မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံသို့ ဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီများ တိုးချဲ့ပေးအပ်ရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည် တည်းခိုသည့် ဟိုတယ်သို့ ပြန်လည်ထွက်ခွာရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က မော်တော်ယာဉ်ပေါ် သို့ ပို့ဆောင်နှုတ်ဆက်သည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်