မယားဖြစ်သူမှ တံပိုးနှင့်ရိုက်ကာ နှင်ချသဖြင့် ဦးဂမ္ဘီရ ဘုန်းကြီးပြန်ဝတ်ကာ ဒုတိယ ရွှေဝါရောင်တော်လှန်ရေး လုပ်မည် ဟု သတင်းရရှိသည်။
ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်သည် ၂၀၁၂ ဧပြီလ ၁၇ ရက်နေ့ မနက် ၆ နာရီခန့်က ပေါက်မြို့နယ်၊ အောင်တံခွန်ရပ်ကွက်ရှိ လေသာကျောင်းတွင် လူဝတ်လဲပြီး၊ ညနေ ၃ နာရီတွင် ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်ရှိ ဦးလှကျော်၊ ဒေါ်တင်စိန်တို့ သမီး မပပ၀င်းအား သွားရောက်တောင်းရမ်းခဲ့ပါတယ်။ ဒီလိုတောင်းရမ်းချိန်မှာ ဦးညီညီလွင်မှ “ ငါလူထွက်ရင် ငါ့ကို လက်ထပ်မယ်လို့ နင်ပြောထားတာ၊ ခုငါ နင့်ကို လက်ထပ်ဖို့ လူထွက်လာပြီ၊ ဒီမှာ မင်္ဂလာဆောင်မယ့် စရိတ် ” ဟုပြောဆိုကာ ငါးထောင်တန်အုပ်များကို ပစ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မပပ၀င်းမှ “ ရှင်နှင့်ကျမ ပတ်သတ်မှုမရှိခဲ့ပါဘူး။ ဒါကြောင့် ပြန်သွားပါ ” လို့ ပြောဆိုခဲ့ပေမယ့် ဦးညီညီလွင်မှ အတင်းအကြပ်လက်ထပ်ရန်ပြောဆိုခဲ့သဖြင့် မပပ၀င်းမှ အနီးရှိ ရေထမ်းပိုးနှင့် ကောက်ရိုက်လိုက်ရာ ခေါင်းကွဲသွားခဲ့သည်။

ယခုအခါ ဦးညီညီလွင်သည် လေသာကျောင်းတိုက်တွင် နေထိုင်ရင်း ဆေးကုသမှုခံယူနေရာမှ ကျန်းမာရေး တိုးတက် ကောင်းမွန်လာပြီ ဖြစ်သောကြောင့် မကြာမီ အချိန်အတွင်း ရဟန်းဘောင်သို့ ပြန်လည် ဝင်ရောက်ကာ မာတုကာမ ဆန့်ကျင်ရေးနှင့် ဒုတိယ ရွှေဝါရောင် တော်လှန်ရေး ဆက်လုပ်မယ်လို့ သတင်းရရှိသည်။
From: Myanmar Express
Time in Rangoon


0 comments:
Post a Comment