Monday, October 01, 2012

မြောက်ပိုင်း ABSDFလူသတ်ပွဲ အကြောင်း တစေ့တစောင်း - ၂

Posted by drmyochit Monday, October 01, 2012, under | No comments


ထောင်ထဲမှာအခြေအနေကသိသိသာသာကြီးကိုပဲပြောင်းနေပါတယ်။မလိုအပ်ရင်ဘယ်သူမှစကားမပြောကြဘူး။အထဲမှာအသံအကျယ်ဆုံးကမျိုးဇော်နဲ.ဝင်းမြင့်တို.နှစ်ယောက်သာဖြစ်တယ်။ "မအေလိုးတွေ တွေ့လား၊လက်ဖြတ်လာတာ၊ မင်းတို့လည်းသေ

မယ်၊သတိထားကြ "ပြီးတော့မျိုးဇော်ကချိုကြီးရဲ့ခေါင်းကိုပုတ်ပြီး "မင်းရိုးရိုးသားသားဖြေ ကြားးလားမင်းတို.လို ကောင်တွေ ကြောင့်ငါတို့ဒုက္ခရောက်နေတာ၊။ ဝင်းမြင့်ကလည်း ထွန်းအောင်ကျော်ကို ကြီမ်နဲ့ဝင်ရိုက် တယ်။မင်းလက်လည်းဖြတ်ပြစ်မယ်။

နားလည်လား လို့ကြီမ်းပြီး ထွန်းအောင်ကျော်ဘေးက တယောက် နှစ်ယောက်ကိုလည်းဝင်ရိုက်တယ်။ အားလုံးငြီမ်နေကြတယ်။

နောက်တနေ့ ၁၉၉၂ ဖေဖေါ်ဝါရီ ၁၁ ရက် ပုံမှန်အလုပ်ဆင်းတဲ့သူတွေအလုပ်သွားလုပ်ကြတော့ ကျနော်နဲ.အတူတူနေမ ကောင်းတဲ့သူတွေကျန်ရစ်တယ်။အဲဒီအချိန်မှာ ကျနော်တို.ကို တောင်ကုန်းပေါ်မှာအပြင်ထုတ်ပြီး ထင်းခွဲခိုင်း တယ်။ထင်းခွဲနေ တုန်းမှာ ဗိုလ်ဂွန်မော်(ယခု ဒုစစ်ဦးစီးချုပ် K I A )ရောက်လာပြီး ကိုညီညီ ခင်ဗျားခေါင်းမာတယ်နော်၊ အခြောင်သေလီမ့်မယ်။

ဘယ်လိုလဲကျနော်ပြောတာစဉ်းစားမလားတဲ့၊ကျနော်ရီပြလိုက်ပါတယ်။အဲဒီအချိန်မှာကျော်နိုင်ဦးနဲ့အတူအခြားအဖွဲ့က နှီးဖြာနေတယ်။ကျနော်တို.ကထင်းခွဲနေရတယ်။ကျော်နိုင်ဦးကခြေထောက်ယောင်နေတာနဲ့တူတယ်။ကျနော်ထင်း ကိုကြိုးစားခွဲ ပါတယ်

ဒါပေမဲ့ကျနော်ထင်းခွဲတာလုပ်နေကြလူတွေလိုမကျွမ်းကျင်တာတော့အမှန်ပါပဲ။အဲဒီအချိန်မှာ ကွန်မန်ဒို အဖွဲ့က လက်သီးက

ဟေ့ကောင်ညီညီ မင်းဘဝအတွက်ငါ သနားတယ်။မင်းထင်းလဲဖြောင့်ဖြောင့်မခွဲတက်၊နှီးလဲ မဖြာတက်၊မင်းထဝကို မင်းဘယ်လို

ရင်ဆိုင်မလဲ၊ ကျနော်က ဟုတ်ကဲ့ ကျနော်ကြိုးစားပါမယ်။ဒီနေ့ထူးထူးခြားခြား တောခေါင်းတွေသဘော ကောင်းနေ တယ်။

ကျနော်တို့ကိုစုပြီးဆေးလိပ်သောက်ခွင့်ပေးထားတယ်။စကားတောင်နဲနဲလွတ်လွတ်လပ်လပ်ပြောလို့ရတယ်။နောက်ရေနွေးသောက်ခွင့်ရတယ်။ဒါပေမဲ့သတိတော့ထားနေရတယ်။ဒီအခြေအနေမျိုးကအချိန်မရွေးပြောင်းသွားနိုင်တယ်။ညနေ ထောင်ထဲမှာထမင်းကျွေးအပြီး မအိပ်ခင်သီချင်းဆိုခိုင်းတယ်။တောခေါင်းတွေရဲ့စကားအသုံးအနှုန်းကိုကြည့်ရတာ အခြေနေက လုံးလုံး မကောင်းတော့ဘူး။ ချိုကြီးအမှတ်တရသီချင်းဆိုကွာ၊ထွန်းအောင်ကျော် အမှတ်တရသီချင်း ဆိုကွာ..ဆိုတဲ့စကား တွေကြောင့်ပါ။

ဒီနေ့ ထွန်းအောာင်ကျော်က ထူးထူးခြားခြားတည်ငြီမ်နေ တယ်။ကိုချိုကြီးကတော့စိတ်လျှော့ လိုက်တဲ့ပုံမျိုး ရှိတယ်။သူသီချင်းဆိုတော့မောနေတယ်။နောက်တနေ့ ၁၉၉၂ ဖေဖေါ်ဝါရီ ၁၂ ရက် နံနက်ခင်းတပိုင်းလုံး ပုံမှန်လိုပြီးသွားပြီး ၃ နာရီလောက်ရောက် တော့ထမင်းမြန်မြန်ကျွေဖို့လုပ်တယ်။ထမင်းကို ၄ ယောက်တဝိုင်း ပလတ်စတစ် ပြားနဲ. ပုံပြီးကျွေးတယ်။အဲဒီတော့မျက်နှာချင်း ဆိုင်အတန်းက လူ ၁ ယောက် ၂ ယောက် ပိုနေရင် ဆန့်ကျင်ဘက်မှာသွားပေါင်းရတဲ့စနစ်ရှိတယ်။ထွန်းအောင်ကျော်ကဝေ့နေ ပြီးကျနော်ထမင်းစားမဲ့ဝိုင်းဘက်ကိုကူး လာတယ်။ ကျနော်တို့ငုံပြိးထမင်းစားနေချိန်မှာ ကိုညီ ကျနော်တော့ အသတ်ခံရတော့မယ် မဖြစ်နိုင်ပါဘူး မင်းက Figure ရှိတဲ့သူ တယောက်ပဲ ကိုချိုကို သတ်မှာတော့ဖြစ်နိုင်တယ်။မင်းတော့မဖြစ်လောက်ပါဘူး။ ကိုညီကျနော်စိတ် ချမ်းသာအောင်ရှောက်ပြောမနေပါတော့၊ကျနော်ပြောတာနားထောင်ပါ။ဒီနေ့ပြည်ထောင်စုနေ့ ကျနော်တို့ကို ဒီနေ့သတ်လီမ့်မယ်။စကားပြောသံကြားရတာ ခင်ဗျားကတော့လွတ်လီမ့်မယ်၊ကျနော်နဲ့ကျနော်တို့အားလုံးရဲ့ အဖြစ် မှန်ကို ဖေါ်ပေးပါ။ကျနော် နံမည်ဆိုးနဲ့သေရတာမဟုတ်ကြောင်းရှင်းပေးပါ။ခင်ဗျား လွတ်တဲ့အခါမှာ ဒီကောင် တွေကိုလက်စားချေပေးပါ။တော်လှန်ရေးအောင်မြင်ချိန်မှာ ABSDF ဟာမြန်မာ့ တပ်မတော်ထက် ဆိုးလီမ့်မယ်။ အဲဒီလိုမဖြစ်အောင် ခင်ဗျားတားဆီးပေးပါ။ထမင်းဝိုင်းမှာ ဝဏ္ဏဇော် ပါတယ်။တခြားတယောက်ကိုတော့ မမှတ်မိတော့ဘူး။ကျနော်က ပြန်ပြောမယ် လုပ်တော့အချိန်မရတော့လို့ပါ။ကျနော် ပြောတာပဲနားထောင် ပေးပါဆိုပြီးမှာစရာရှိတာ တွေမှာတယ်။ကျနော်ပြောစကားကို နားမထောင်နိုင်တဲ့အတွက် တောင်းပန်တယ်။ နောက်ထမင်းဝိုင်း သီမ်းလိုက်တယ်။



ဆက်လက်ဖော်ပြပါမည်။

ညီညီ (မန္တလေး) ABSDF မြောက်ပိုင်း

From: Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်