Monday, October 22, 2012

ယနေ့ IT ကမ္ဘာတွင် နှစ်နိုင်ငံ စစ် စ ဖြစ်လျှင် ဆိုက်ဘာစစ်ပွဲ က စ ဖြစ်သည်

Posted by drmyochit Monday, October 22, 2012, under | No comments


 
ကွန်ရက် ထဲသို့ နေ့စဉ် ဝင်ရောက် မွှေနှောက်ကာ နှောင့်ယှက် နေသော ကွန်ပျူတာ ဟက်ကာ များမှာ အီရန် လူမျိုးများ ဖြစ်သည်ဟု အစ္စရေး ဝန်ကြီး ချုပ် ဘန်ဂျမင်နေ တန်ယာဟုမှ  ပြီးခဲ့သည့် အောက်တို ဘာလ ၁၅ ရက်နေ့ က ပြောဆို ခဲ့သည်။ “ကျွန်တော် တို့ရဲ့ ဆိုက်ဘာ ကွန်ရက်ထဲကို တိုက်ခိုက် ခံရတာတွေ ပိုပိုများ လာတယ်။ ကျွန်တော့်တို့ အစိုးရပိုင် ကွန်ပျူတာ တွေကို ဖျက်ဆီးဖို့ ကြိုးစားတဲ့ ဖြစ်ရပ်တွေ နေ့တိုင်း ရှိနေတယ်” ဟု နေတန်ယာဟု က အစ္စရေး အစိုးရ အဖွဲ့ဝင် သီတင်းပတ် အစည်း အဝေး၌ ပြောကြား ခဲ့သည်။


ဆက်လက်၍ ဝန်ကြီးချုပ်ကပြီးခဲ့တဲ့ နှစ်က ကျွန်တော် အမျိုးသား ဆိုက်ဘာ အင်တာနက် ဌာနချုပ်ကို တည်ထောင် ခဲ့တယ်။ဒီလို အနှောက် အယှက် တွေကို တားဆီး နိုင်ဖို့ပေါ့။  အစောကြီး ကတည်းက ဒီလို ဖျက်ဆီး လာမယ့် အဖွဲ့တွေကို ပြန်ပြီး ကာကွယ် တိုက်ခိုက် နိုင်အောင် Iron Dome ဆိုတဲ့ တန်ပြန် တိုက်ခိုက်ရေး အဖွဲ့ကို ကြိုဖွဲ့ ထားခဲ့တယ်။ နောက်ပြီး ဂါဇာကမ်းမြောင် ဒေသနဲ့ တောင်ဘက် ပိုင်းက မြို့တွေကို ကာကွယ်ဖို့ ချိန်ရွယ် ထားတဲ့ ဒုံးပျံ ထိန်းချုပ်မှု စနစ်တွေကို မထိခိုက် ရအောင် ရည်ရွယ် ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။ အခု အဲ့ဒီ Iron Dome အဖွဲ့ရဲ့ ကာကွယ်ရေး ကွန်ရက် စနစ်တွေကို ချိုးဖောက်ဖို့ ကြိုးစား နေကြတာ ဖြစ်ပါတယ်။ ကျွန်တော် တို့ဟာ အခုဆိုရင် ဆိုက်ဘာ စစ်ပွဲ တစ်ခုနဲ့ ကြုံနေ ရပြီလို့ ပြောလို့ ရပါတယ်။ ဒါကို ကျွန်တော်တို့ ခုခံ တိုက်ခိုက် နေရပါတယ်” ဟူ၍ ပြောဆိုခဲ့ သည်ဟု ဆင်ဟွာ သတင်း ဌာနမှ သတင်း ထုတ်ပြန် ခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်