Monday, October 22, 2012

မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်ခွင့် ပေးမည်မဟုတ် ဟု သမ္မတ ကတိပေး

Posted by drmyochit Monday, October 22, 2012, under | No comments


 
နိုင်ငံများ စုပေါင်း ဖွဲ့စည်းထားသော OIC(Origanization of The Islamic Cooperation) က မြန်မာနိုင်ငံ တွင်ရုံး စိုက်မည် ဟု သတင်း များထွက်ပေါ် လာသည့် အတွက် ရန်ကုန်၊ မန္တလေး နှင့် ရခိုင် ပြည်နယ် စစ်တွေမြို့ တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှု များ ဆက်တိုက် ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံ တွင် OIC ရုံးကို လုံးဝ ဖွင့်လှစ်ခွင့် ပြုမည် မဟုတ်ကြောင်း နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ကယနေ့ နေပြည်တော် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ကတိပေး ပြောကြားသည်။



" အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေ အနေနဲ့ လုံးဝ စိတ် မပူကြရန် ကျွန်တော် ပြောလို ပါတယ်" ဟု နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ပြောဆိုသည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မကြီး ဦးသိန်းစိန် က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကို အောက်တိုဘာ လ ၂၁ ရက်နေ့ နေ့လည် ၂ နာရီတွင် ပြုလုပ်ခဲ့ပြီး ပြည်တွင်း သတင်းဂျာနယ် ၇၈ စောင် နှင့် နိုင်ငံခြား သတင်း အေဂျင်စီ ၂၈ ခု အပါအဝင် သတင်းထောက် ၁၃ဝ ဦးခန့် တက်ရောက် ခဲ့သည်။ နိုင်ငံတော် သမ္မတ အနေဖြင့် ပြည်တွင်းပြည်ပ မီဒီယာ များကို တရားဝင် ဖိတ်ကြား၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း သည် ပထဆုံး အကြိမ် ဖြစ်သည်။


OIC သည် ရန်ကုန်မြို့ နှင့် စစ်တွေ မြို့တွင် မကြာမီ ရုံးစိုက်မည် ဖြစ်ပြီး ရန်ကုန်ရုံး ကို ဗီဇာကိစ္စ အပါအဝင် ထောက်ပံ့ရေး အစီစဉ် များ အတွက် ဖွင့်လှစ်မည် ဖြစ်ကာ စစ်တွေရုံး ကို ထောက်ပံ့ရေး ကိစ္စများ အတွက် ရုံးစိုက် သွားမည် ဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာ၊ ဗုဒ္ဓဘာသာ မခွဲခြား ဘဲ ထောက်ပံ့ ကူညီ သွား မည် ဖြစ်ကြောင်း OIC မွတ်ဆလင် လူနည်းစု ရပ်ဝန်း ဌာန ၏ ရိုဟင်ဂျာ အရေး ဆိုင်ရာ တာဝန်ခံ မစ္စ ဒီနာမန်ဒနီ ၏ ပြောကြားချက် ကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ် တွင် အောက်တိုဘာ လ ၁ဝ ရက်နေ့ က ဖော်ပြ ခဲ့သည်။


ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြို့တွင် အောက်တိုဘာ လ ၁ဝ ရက်နေ့ က အမျိုးသမီး များ အပါ အဝင် ဒေသခံ ၄ဝဝဝ ခန့် သည် "Get Out OIC, No OIC, Stop OIC" စသည့် စာတန်း များ ပါဝင်သည့် အင်္ကျီ များကို ဝတ်ဆင်ကာ ဆန္ဒ ဖော်ထုတ် ခဲ့ကြကြောင်း ဒေသခံ များထံမှ သိရသည်။


ရခိုင်ပြည်နယ် အတွင်း OIC ရုံးစိုက်မည် ဟု သတင်းများ ထွက်ပေါ် လာမှု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့က်ဘဇား နှင့် စစ်တကောင်း ဒေသ တို့တွင် ဗုဒ္ဓ ဘာသာဝင် များ အကြမ်းဖက် ခံရမှု များ အတွက် ရန်ကုန်မြို့ နှင့် ရခိုင်ပြည်နယ် တို့တွင် သံဃာတော် များ အပါအဝင် တိုင်းရင်းသား များ ဆန္ဒ ဖော်ထုတ်မှု များ ဆက်တိုက် ဖြစ်ပေါ် ခဲ့သည်။


The Voice Weekly

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်