Monday, October 22, 2012

ဖားကန့်မြို့နယ် ဟောင်ပါး-ဆယ်ဇင်းသွား ကားလမ်းမှာ KIA မိုင်းထောင်နေ

Posted by drmyochit Monday, October 22, 2012, under | No comments


 
KIA တပ်မဟာ(၂) လက်အောက်ခံ ရင်း(၆)မှ အရာခံဗိုလ်တစ်ဦးပါဝင်သော (၅)ဦးအဖွဲ့တစ်ဖွဲ့သည် အောက်တို ဘာလ(၂၀)ရက်နေ့ နံနက်(၉)နာရီတွင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု နန့်ပင် ကျေးရွာ နှင့် ရွှေတော် ကျေးရွာကြား ဟောင်းပါး-ဆယ်ဇင်းသွား ကားလမ်း၏ အနောက်ဘက်ခြမ်း ကာလမ်း နှင့် ခြောက်ပေခန့် အကွာတွင် မိုင်းများ ထောင်နေကြောင်း ဒေသခံတစ်ဦးက သတင်းပေး ပို့လာပါ တယ်။


အဆိုပါနေရာတွင် KIA မှ ဆရာကြီးတစ်ဦး ဦးစီးပြီး ရီမုမိုင်း၊ ဆွဲမိုင်းနှင့် တိုက်မိုင်းများ ထောင်နေသည်ကို ဒေသခံဦးမျိုးထွန်းက တောင်ယာသွားရင်း တွေ့ရှိခဲ့သဖြင့် ရွာလူကြီးအား လာရောက်ပြောပြခဲ့ကြောင်း သိရ ပါ တယ်။
“ဦးမျိုးထွန်းက တောင်ယာသွားရင်းတွေ့တာ ၊ တွေ့တော့ဦးကြီးက ရွာကိုပြန်လာပြီအဲဒီနားကိုမသွားဖို့နဲ့ သွားရင် လည်း သေချာ ဂရုစိုက်ပြီး သွားဖို့ ပြန်လာပြောတာ” ဟု အဆိုပါသတင်းပေးပို့သူကဆိုပါတယ်။

ကချင်ပြည်နယ် အတွင်း KIA မှ ထောင်ထားသော မိုင်းများအား ဒေသခံပြည်သူများနေ့စဉ် နင်းမိပြီး သေဆုံး၊ ဒဏ်ရာ ရနေသောကြောင့် မိုင်းများ ပြန်လည်တူးဖော်ပေးရန် တောင်းဆိုထားသော်လည်း KIA ဌာနချုပ်မှ မိုင်းများ တိုးချဲ့ထောင်ရန် ညွှန်ကြားနေကြောင်း သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်