Monday, October 22, 2012

လက်ပန်တောင်းတောင် ပြည်သူ့ညီလာခံရောက် သတင်းမီဒီယာသမားတဦး လုံခြုံရေးအခြေအနေစိုးရိမ်ရ

Posted by drmyochit Monday, October 22, 2012, under | No comments

 
လက်ပန် တောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး၊ လက်ပန် တောင်းတောင် ပြည်သူ့ ညီလာ ခံသို့ ရောက်ရှိ သတင်း ယူနေသူ သတင်း မီဒီယာ သမား တဦး၏ လုံခြုံရေး အခြေ အနေမှာ စိုးရိမ်ဖွယ် ရှိကြောင်း လက်ပန် တောင်းတောင် ဒေသသို့ ရောက်ရှိ နေသော ရန်ကုန် နိုင်ငံရေး သမားတဦးက ပြောကြား သည်။


မန္တလေး အခြေစိုက် သတင်း သမား တဦးဖြစ်သူ ကိုရဲရင့်သည် လက်ပန်တောင်း တောင် ကြေးနီ စီမံကိန်း ရပ်တန့် ရေး ဆန္ဒ ထုတ်ဖော် မူများ ဖြစ်ပေါ်ခဲ့ချိန် အတွင်း ထိုဒေသသို့ ရောက်ရှိခဲ့ပြီး နယ်မြေရဲစခန်းမှ ရဲဝန်ထမ်း နှစ်ဦးကို အင်တာဗျူး လုပ်ခဲ့ပြီး ထို video file မှာ နိုင်ငံတွင်း အင်တာနက် စာမျက်နှာ များတွင် သာမက နိုင်ငံတကာ ရုပ်သံလိုင်း တခုတွင်ပါ ပျံ့နှံ့ သွားခြင်း ကြောင့် ရဲဝန်ထမ်းများ ကြား သဘောထား ကွဲလွဲမူများ ဖြစ်ပေါ်ခဲ့ ကြောင်း၎င်းက ပြောကြားသည်။
" ကိုရဲရင့်ရဲ့ လုံခြုံရေး အခြေ အနေက စိုးရိမ် ရတယ်။ သူ့ကို ဓါတ်ပုံ ရိုက်ယူ တာမျိုးတွေ၊ အရပ်ဝတ်နဲ့ လုံခြုံရေး တွေက သူသွားတဲ့ နေရာ တွေမှာ ပါလာတာ မျိုးတွေ၊ အင်တာဗျူး လုပ်ခဲ့ တဲ့ဆိုင်က ဆိုင်ရှင်ကို ခေါ်ယူ စစ်ဆေး တာမျိုးတွေ အာဏာပိုင် တွေဘက်က လုပ်နေတယ်'' ဟု ၎င်းက ဆိုသည်။

ကိုရဲရင့်ကို ဆက်သွယ် မေးမြန်း ရာတွင် ယခုလ အတွင်း လည်းကောင်း အလွတ် သတင်း ထောက်အဖြစ် လုပ်ကိုင် နေသော ဂျာနယ် တိုက်သို့ အာဏာပိုင် များက လာရောက် စုံစမ်းပြီး နေရပ် လိပ်စာ တောင်းခြင်း၊ တယ်လီဖုန်း နံပါတ်တောင်း ခြင်းများနှင့် ၎င်း၏ ကိုယ်ရေး အချက် လက်များကို ရယူခြင်းများ ကို ပြုလုပ် သွားကြောင်း၊ ၎င်း အနေဖြင့် သတင်း မီဒီယာ လောကတွင် အမှန် တရားကို ဖော်ထုတ် လိုသော စိတ်ဖြင့်သာ သတင်း ရယူခြင်း ဖြစ်ပြီး မည်သည့် မီဒီယာ ကျင့်ဝတ် ကိုမှချိုးဖောက် ခြင်း မရှိခဲ့ ကြောင်း၊ အင်တာဗျူး ဖြေကြား ပေးသူ ရဲတပ်ကြပ် အောင်ဝင်းထွန်း နှင့်တပ်သား တဦးကို ဖမ်းစီးခဲ့ခြင်း
ကြောင့်လည်း စိတ်မကောင်း ဖြစ်မိကြောင်း၊ ဒီမို ကရေစီ ၏စံနှုန်း များကို တိုင်းတာ ရာတွင်
သတင်း မီဒီယာ လွတ်လပ်ခွင့် မှာလည်း တစ်ချက် အပါ အ၀င်ဖြစ် သောကြောင့် မိမိဖြစ်ပေါ် ခံစား နေရ သော အခြေ အနေဖြင့် မြန်မာ နိုင်ငံတွင် သတင်း မီဒီယာ လွတ်လပ် ခွင့် မည်မျှ ရှိသည် တိုင်းတာ နိုင်မည် ဟုမျှော်လင့်ကြောင်း ပြန်လည် ဖြေကြားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်