Monday, October 22, 2012

အလုပ်သမားဆန္ဒပြပွဲတွေ ခွင့်ပြုချက်ရ

Posted by drmyochit Monday, October 22, 2012, under | No comments


 
ရန်ကုန်တိုင်း ဒေသကြီး ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ရွှေပြည်သာ နဲ့ လှိုင်သာ ယာမြို့နယ် တွေက အလုပ် သမား သမဂ္ဂ အဖွဲ့ အစည်း တွေက သက်ဆိုင်ရာ မြို့နယ် အသီး သီးမှာ ဆန္ဒထုတ်ဖော်ခွင့် လျှောက် ထား တာကို အာဏာပိုင် တွေကက ခွင့်ပြု လိုက်ပြီလို့ သိရပါတယ်။

ဒဂုံ ဆိပ်ကမ်း မြို့နယ်က  အလုပ်သမား (၂၀၀)ကျော်ဟာ မနက်ဖြန် အောက်တို ဘာလ ၂၂ ရက်နေ့ မနက် (၉)နာရီမှာ ဆန္ဒ ထုတ်ဖော်မှာ ဖြစ်ပြီး တနေ့ ထဲမှာပဲ လှိုင်သာ ယာမြို့ နယ်က အလုပ်သမား(၁၅၀) ကျော်ဟာလည်း အလားတူ ဆန္ဒထုတ်ဖော် သွားမယ်လို့ သိရပါတယ်။ ရွှေပြည်သာမြို့နယ်က အလုပ် သမား (၅၀၀)ကျော် ကတော့ အောက်တိုဘာလ (၂၃)ရက်နေ့ မနက် (၈)နာရီ ခွဲမှာ ဆန္ဒပြမှာ ဖြစ်ပါတယ်။

အလုပ်သမားတွေ ခံစားနေရတဲ့ ပြဿနာတွေကို အစိုးရသိအောင် ဆန္ဒထုတ်ဖော်တာလို့ ဒဂုံ ဆိပ်ကမ်း မြို့နယ် ဆန္ဒပြပွဲ ဦးဆောင်သူ  နီလာစတား စက္ကူစက်ရုံ အလုပ်သမား သမဂ္ဂ ဥက္ကဌ ကိုအောင်မိုးက RFA ကို ပြောပါတယ်။
ဆန္ဒပြမယ့် အခြေခံ အလုပ် သမား သမဂ္ဂ အဖွဲ့ အစည်း တွေဟာ အလုပ် သမား တွေရဲ့ အခွင့် အရေး ရပိုင်ခွင့် တွေကို အဓိက တောင်းဆို သွားမှာ ဖြစ်ပြီး အစိုးရ ဖက်က အလုပ် သမား အရေး ဆောင်ရွက်မှု တွေကို အလေးထား ဖြေရှင်း ဆောင်ရွက် ပေးဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြ ကြတာ ဖြစ်တယ်လို့ သိရပါတယ်။


RFA (မြန်မာပိုင်း) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်