Monday, October 22, 2012

မပုံမြို့တွင် မွတ်ဆလင် ရပ်ကွက် မြို့ပြင်ထုတ်ရန် ဆန္ဒပြ တောင်းဆို

Posted by drmyochit Monday, October 22, 2012, under | No comments


 
မြေပုံတွင် ပြည်သူများ ဆန္ဒ ထုတ်ဖေါ်နေကြပုံ။ 
ရခိုင်ပြည်နယ် မြေပုံမြို့တွင် ဒေသခံ ရခိုင်တိုင်း ရင်းသားများက ယနေ့ ဆန္ဒပြပွဲ တစ်ခု ပြုလုပ်ရာမြို့ထဲရှိ မွတ်ဆ လင် ရပ်ကွက်ကို မြို့ပြင်သို့ ထုတ်ပေးရန် တောင်းဆို ဆန္ဒ ပြခဲ့ ကြသည်ဟု သိရ သည်။၎င်း ဆန္ဒ ဖေါ်ထုတ် ပွဲကို ရဟန်း တော်များနှင့်  ဒေသခံ မြို့မိ မြို့ဖများမှ ယနေ့ နံနက် ၈ နာရီခွဲတွင် ပြု လုပ်ခဲ့ ကြသည်ဟု သတင်း ရရှိသည်။ ဆန္ဒဖေါ်ထုတ်ပွဲ ပြုလုပ်ရသည့် ရည်ရွက်ချက်နှင့်ပတ်သက်ပြီး နေပြည် တော်တွင် ရောက်ရှိနေ သည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က နိရဉ္စရာသို့ ပြောသည်။



“ အခုအခါမှာ မူဆလင်တွေနဲ့ ရခိုင်တွေကို သီးခြားခွဲခြားထားဖို့ ဆိုတာက မြေပုံမြို့ အတိုင်းအတာနဲ့ ပြောတာ ဖြစ်ပါတယ်။ အခု စစ်တွေ၊ မြောက်ဦး၊ မင်းပြား စသဖြင့် ဒီဒေသတွေမှာ မူဆလင်တွေနဲ့ ရခိုင် တွေဟာ အခုအ ချိန်မှာ တတ်နိုင်သလောက် သီးသီး ခြားခြားနေကြပါတယ်။ ရခိုင်တွေနေတဲ့ နေရာကို မူဆ လင်တွေ ၀င်မရသ လို မူဆလင်တွေနေတဲ့ နေရာတွေ ကိုလည်း ရခိုင်တွေကလည်း မသွားပါ။ ဒီလို သီးသီး ခြားခြားနေကြတဲ့ အချိန်မှာ မြေပုံမြို့နယ်မှာ မူဆလင်နဲ့ ရခိုင် အတူတကွ နေကြတဲ့ ရပ်ကွက်တွေ၊ လမ်းတွေ ရှိပါတယ်။
တနေ့နေ့မှာ ပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်ကြပါတယ်။ အဲဒါကြောင့် မူဆလင်နဲ့ ရခိုင်ကို သီးခြား ခွဲခြား ထားဖို့အတွက် တောင်းဆို ဆန္ဒဖေါ်ထုတ်တာ ဖြစ်ပါတယ်။ ”ဆန္ဒပြပွဲတွင် ဘင်္ဂလီနှင့် ရခိုင်များကို သီးခြား ခွဲထားပေးရန်၊ မြေပုံမြို့အ တွင်း တခြားနေရာအသီးသီးက ရောက်ရှိနေကြသော မူဆလင်များကို မိမိနေ ထိုင်ရာနေရာ များသို့ ပြန်ပို့ပေးရန်၊ ၁၉၈၂ ခု နိုင်ငံသားဖြစ်မှု အက်ဥပဒေ အတိုင်း ထောက်ခံပါ ကြောင်း၊  ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ရခိုင်များနှင့် ဗုဒ္ဓ ဘာသာဝင် များကို မူဆလင်များက ၀င်ရောက် ဖျက်ဆီးမှုများကို ဘင်္ဂလာဒေ့ခ်ျအစိုးရအနေ့ဖြင့် တားမြစ် ပေးရန် အတွက် နိုင်ငံတော်အစိုးက ကူညီ ပေးရန်နှင့် တရားမ၀င် ၀င်ရောက် လာသည့် ဘင်္ဂလီများကို စခန်းသွင်းပြီး တတိယနိုင်ငံသို့ ပို့ဆောင် မည်ဟု သမ္မတကြီး ကြေငြာချက်ကို ထောက်ခံကြောင်းတို့ ဖြစ်သည်။

“ ကျွန်တော်တို့ မြို့ဦးဘုရားကနေပြီးစထွက်ပါတယ်။ အဲဒီကနေ တောင်းဆိုမူတွေ လုပ်သွားပါတယ်။ ငါး လုပ်ငန်း ရုံးရှေ့ကပြန်ပတ်ပြီးတော့ မြို့ဦးဘုရား ကို ပြန် ပတ်လာကြပါတယ်။ မြို့တပတ် ပတ်ကြပါတယ်။ လူကတော့ခါ ၂၀၀၀ ကျော် ၃၀၀၀ ခန့်ရှိပါတယ်။ အစ တုန်းက နယ်ကလူတွေပါ ပါဝင်ဖို့လို့ ခန်းမှန်း ထားပေမယ့် နယ်ကလူတွေက မရောက်ကြပါဘူး။ မြို့တပတ် လှည့် လည်ပြီး တောင်းဆိုချက် ၅ ချက်ကို တောင်းဆို ခဲ့ကြပါတယ်” ဟု ဆန္ဒဖေါ်ထုတ်ပွဲကို အခြေအနေနှင့် ပတ်သက်ပြီး ဆန္ဒဖေါ်ထုတ်ပွဲတွင် ပါဝင် ခဲ့သည့် ကိုမောင်မောင်က နိရဉ္စရာ သို့ ပြောသည်။
ယခုကဲ့သို့  အခြေအနေများသည် မြေပုံတမြို့တည်းသာမဟုတ်ဘဲ တခြားမြို့နယ်များတွင်လည်း ဖြစ်နေ သည့်အ တွက် ယခုအချိန်မှာ သီးခြားစီ ခွဲခြား ထားသင့်သည်ဟု ဦးဖေသန်းက ပြောသည်။ “ အခု ဖြစ်နေ တာက တမြို့တည်းမဟုတ်။ မြို့တိုင်းမြို့တိုင်းမှာ ဖြစ်နေပါတယ်။ စစ်တွေမှာဆိုရင် အင်ဘာလာ ရပ် ကွက်မှာ ဖြစ်နေပါတယ်။ ဒီအချိန်ကာလမှာ အတူယှဉ်တွဲနေ ထိုင်ရေးဆိုတာက တဖြည်းဖြည်း လုပ်ယူ သွားရမှာ ဖြစ်ပါတယ်။ လောလောဆယ် မှာတော့ခါ အုပ်စုနှစ်စုဟာ မျက်နှာချင်းဆိုင် မဆိုင်ဘဲနဲ့ ခွဲခြား ထားနိုင်ရင် လောလော ဆယ်ဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိန်းနိုင်မှာဖြစ်ပါတယ်။


နောက်မှ တဖြည်းဖြည်း ကိုယ့်ဒေသရဲ့ ဥပဒေ လွှမ်းမိုးလာတဲ့အချိန်၊ တဦးနဲ့တဦး အချင်းချင်း နာလည် လာတဲ့ အချိန်မှာ အတူယှဉ်တွဲ နေထိုင်နိုင်မယ်လို့ ယုံ ကြည် ပါတယ်။ ဒီနေ့ ဒီအချိန်မှာ ခွဲခြား ထားတာ ဟာ အသင့် တော်ဆုံး ဖြစ်တယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။
အလားတူ ယနေ့တွင် ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲနှင့် မင်းပြားမြို့တို့တွင်လည်း OIC ကို ကန့်ကွက် ကြောင်းနှင့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း လက်ကိုင် ပိုစတာများ ကိုင်၍ ဆန္ဒ ဖော်ထုတ် ခဲ့ကြ သည်ဟု သိရသည်။
နိရဉ္စရာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်