Monday, October 22, 2012

ယနေ့ သံတွဲတွင် ဘင်္ဂါလီလူမျိုးများအား မိခင်နိုင်ငံသို့ပို့ ဆောင်ရန်နဲ့ OIC ရုံးဖွင့်ရန်ကန့် ကွက်ကြောင်း ဆန္ဒဖော်ထုတ်

Posted by drmyochit Monday, October 22, 2012, under | No comments


 
ရခိုင်ပြည်နယ်အတွင်းတွင် ဘင်္ဂါလီလူမျိုး များအား မိခင်နိုင်ငံသို့မဟုတ် တတိယနိုင် ငံသို့ ပြန်လည် ပို့ဆောင်ရန် နဲ့ OIC ရုံးဖွင့်ရန် ကန့်ကွက်ကြောင်း အတွက် သံတွဲမြို့တွင် အောက်တို ဘာလ ၂၁ရက်နေ့ လည် ၁၂နာရီတွင် ဆန္ဒပြခဲ့ကြသည် ဟုသတင်းရရှိသည်။ 


သံတွဲမြို့ရှိ အစိုးရဝန်ထမ်းတစ်ဦးက Yangon Chronicle သို့ မေးမြန်ရာယခုလို့ ပြောကြားခဲ့သည်ဟု အဆိုပါ သတင်းတွင် ရေးထားသည်။

“OIC ကိစ္စတွေ ပြီးသွားပေမယ့်။ အခုလို လူဦးရေတိုးပွားနှုန်းကြောင့် ရခိုင်တိုင်းရင်း သားတွေ ရဲ့လုံခြုံရေး ထိခိုက်နိုင်တယ်။ ဒါ့ကြောင့် ဒီလူတွေ ကို ရခိုင်ပြည်နယ်ကနေ တတိယနိုင်ငံကို ပို့ဆောင်ဖို့ တောင်းဆို တာပါ”ဟု အထက်ပါ အစိုးရ ဝန်ထမ်းက ဆိုသည်။


မြန်မာနိုင်ငံတွင်းသို့ ဘင်္ဂါလီလူမျိုးများသည် ၁၈၈၄ ခုနှစ်ဝန်းကျင်ခန့်တွင် အလုံး အရင်းဖြင့် ဝင်ရောက် ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ လူဦးရေတိုးပွားနှုန်း အားထိမ်းချုပ်ထားသည့် ဥပဒေမရှိသေးကြောင်းနှင့် လူဝင်မှု ကြီးကြပ်ရေး၏ ဥပဒေ မှာလည်း ပြင်းထန်သောအရေးယူမှုမရှိသေးကြောင်း ရခိုင်အမျိုးသား ကွန်ုယက်မှ ဥက္ကဌ ကိုတင်ထူးအောင်က ပြောကြားသည်။

“ဥပဒေက ထိန်းချုပ်မှုအားနည်းသေးတယ်။ အကောင်းဆုံးကတော့ သူတို့ကို သူ့နိုင်ငံ သူပြန်ပို့တာ အကောင်း ဆုံးပဲ။ တကယ်လို့ တစ်ဖက်နိုင်ငံက လက်မခံရင်လည်း နိုင်ငံတော်နဲ့ ကုလသမဂ္ဂ ညှိနှိုင်းပြီး ဒုက္ခသည်စခန်းမှာ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်စေဖို့လိုတယ်။

ဒီလို ဥပဒေကရော သူတို့ကို ထိမ်းချုပ် နိုင်ပြီ ဆိုရင် တစ်ဖက်က ခိုးဝင် လာမယ့် သူတွေ ရန်ကော၊ လူဦးရေ တိုးပွားနှုန်း ကိုလည်း ထိမ်းချုပ်နိုင်မယ်”ဟု ကိုတင်ထူး အောင်က ပြောကြားသည်။

ထို့အတူ ယနေ့ သမ္မတ အိမ်တွင်လည်း သမ္မတဦးသိန်းစိန် ပြောကြားရာတွင် OIC နှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနတို့အကြား ချုပ်ဆိုခဲ့သော စာချုပ်တွင် OIC ရုံးခန်းကို မြန်မာနိုင်ငံ၌ လာရောက်ဖွင့် လှစ်မည့် အချက် လုံးဝ မပါဝင်ကြောင်း၊လာရောက်ဖွင့်လှစ်မည် ဆိုပါကလည်း ကန့်ကွက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သမ္မတ အိမ်တော်၌ ပြုလုပ်နေသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်သိရသည်။

ဆက်လက်ဖော်ပြပါမည်။
Myanmar Forward
ဓါက်ပုံ(ထွန်းထွန်း) 

 
 
 
 
 
 
 
 
 
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်