Monday, October 22, 2012

KIA နှင့် အစိုးရတပ်တိုက်ပွဲဖြစ် KIA မှ ကောင်ရာစခန်းအား စွန့်ခွာ၍ ထွက်ပြေး

Posted by drmyochit Monday, October 22, 2012, under | No comments


 
KIA စခန်းတစ်ခုတွင် တာဝန်ကျနေသော KIA တပ်သားနှစ်ဦး

အောက်တိုဘာလ(၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဗမာအစိုးရတပ်များအား KIA တပ်မဟာ(၅) ရင်း(၃)မှ တပ်ဖွဲ့ဝင် များမှ ကောင်ရာစခန်းပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၇ာ အစိုးရဘက်မှ ပြန်လည်တိုက်ခိုက်ခဲ့ သဖြင့် KIA များ ကောင်ရာစခန်းအား စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။

KIA တပ်များမှ ကောင်ရာစခန်းမှနေ၍ အောက်တိုဘာလ(၁၉)ရက်နေ့ နံနက်(၉)နာရီခန့်တွင် ချီတက် လာသော ဗမာအစိုရတပ်အား စောင့်ကြို၍ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗမာ စစ်ကြောင်း မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တစ်နာရီလောက် တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီးနောက် ဗမာစစ်တပ် များက စခန်းပေါ်အား တက်ရောက် တိုက်ခိုက် သိမ်းပိုက် ခဲ့သဖြင့် KIA တပ်များသည် ထိခိုက် ကျဆုံးများစွာဖြင့် စခန်းစွန့်ခွာထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရပါ တယ်။ သို့သော် ထိခိုက် ကျဆုံးမှု အသေးစိတ် ကိုတော့ မသိရ သေးပေ။

“စစ်တတ်ကရွာကို ပတ်ပြီး ထွက်လာတာ တောင်ယာခင်းထဲကိုဖြတ်တဲ့အချိန်မှာ KIA လက်နက် ကြီးတွေနဲ့ စပစ် တာ၊ ဒါပေမယ့်မမှန်ဘူး ဒါနဲ့ စစ်တပ်ကလည်း ပြန်ပစ်တယ် ပြီးတော့ စခန်းတက် သိမ်းတာ ဘဲ” ဟု မျက်မြင် တွေ့လိုက် သူ ရွာသားတစ်ဦးက ဆိုပါတယ်။

ထို့ပြင် အဆိုပါ ကောင်ရာစခန်းမှ စခန်းမှူးသည် ဒေသခံရွာသားများအား အတင်း အဓမ္မ လူသစ် ဖမ်းဆီး ခြင်း၊ ဒေသခံ ရွာသူရွာသားများအား စခန်းသို့ခေါ်ယူ၍ စခန်းပြင်ခိုင်းခြင်းများ ဆောင်ရွက်မှုရှိသဖြင့် ဒေသခံ များ မှ လည်း မကျေမနပ်ဖြစ်နေကြောင်း သိရပါတယ်။

“ စစ်တပ်ကလာသိမ်းသွားတာ ကောင်းတယ်။ အဲဒီစခန်းမှူးကြောင့် ရွာတွေမှာ အေးအေးချမ်းချမ်း မနေရ ဘူး။ ယောင်္ကျား တွေဆို ပုန်းနေရတယ်။ နောက်ပြီး နမ့်မလီချောင်းဘေးက ငှက်ပျောစိုက်ခင်းက ရခိုင် (၁၅)ယောက် ကိုဖမ်း သွားသေးတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုခဲ့ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်